Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားအလိုက် ဈေးနှုန်းပြောင်းလဲမှု

Sat, 02/04/2023 - 22:31 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပြည်ပတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံဈေးများမှာ ဇန်နဝါရီနောက်ဆုံးပတ်တွင် ကျဆင်းလျက်ရှိကြောင်း သိရသည်။

ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၅၀ဝ၀ဝ-၅၅၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၂၀ဝ ခန့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ ဇန်နဝါရီစတုတ္ထပတ်တွင် မတ်ပဲဈေးကျနေပြီး ပဲတစ်တင်းကို ကျပ် ၅၄၈၀ဝ-၅၅၀ဝ၀ဖြင့် တစ်ရက်ကို အိတ် ၂၀ဝ၊ ၂၅၀ ခန့် အဝယ်ရှိခဲ့သည်။

ဇန်နဝါရီ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ကျပ် ၄၇၀ဝ၀- ၄၈၀ဝ၀ ဈေးဖြင့် ရန်ကုန်နှင့် မန္တလေးသို့ တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝခန့် တင်ပို့မှုရှိသည်။ ဇန်နဝါရီနောက်ဆုံးပတ်တွင် ပဲတီစိမ်းဈေးတက်ပြီး တစ်တင်းကို ကျပ် ၄၈၀ဝ၀-၅၀ဝ၀ဝ ဖြင့် တစ်ရက်ကို အိတ် ၂၅၀ ခန့် အဝယ်ရှိခဲ့သည်။

ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၅၇၅၀ဝ-၅၈၀ဝ၀ ဖြင့် တစ်ရက်ကို ၂၀ဝ၊ ၃၀ဝခန့် အဝယ်ရှိခဲ့သည်။ ဇန်နဝါရီ စတုတ္ထပတ်တွင် ပဲစင်းငုံဈေးအေးနေပြီး ကျပ် ၅၇၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၂၀ဝ၊ ၂၅၀ ခန့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။

ဇန်နဝါရီ တတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ကျပ် ၆၂၀ဝ၀-၆၂၅၀ဝ၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်နှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၅၀၊ ၃၀ဝခန့်ရှိသည်။ ဇန်နဝါရီစတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်း ကျပ် ၆၀ဝ၀ဝ၊ ၆၂၀ဝ၀၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ကျပ် ၆၀ဝ၀ဝ-၆၂၀ဝ၀ ဖြင့် ခွဲစက်သမားများ တစ်ရက်ကို အိတ် ၂၅၀ ခန့် အဝယ်ရှိခဲ့သည်။

ဇန်နဝါရီ တတိယပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းကို ကျပ် ၄၀၅၀ဝ၊ ၄၁၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။ ဇန်နဝါရီ စတုတ္ထပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်းကို ကျပ် ၄၀ဝ၀ဝ-၄၁၀ဝ၀ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀ဝ ခန့် အဝယ်ရှိခဲ့သည်။

ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းဈေးမှာ ကျပ် ၅၀ဝ၀ဝ မှ ကျပ် ၅၅၅၀ဝ ဈေးအပြောင်းအလဲ သိပ်မရှိသည်ကို တွေ့ရသည်။ ကုလားပဲဈေးမှာလည်း ကျပ် ၆၀ဝ၀ဝမှ ကျပ် ၆၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံမှာ ပြည်ပတင်ပို့သောပဲများ အရောင်းအဝယ်အေးပြီး ကျန်ပဲများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

မိမိအေး(ပြည်)