
မတ် ၄ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲ စုစုပေါင်းတန်ချိန် ၁၀၆၉၂၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပဲတီစိမ်းတင်ပို့မှုတန်ချိန် ၅၆၆၂၀ ကျော်မှ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇၆၅ သန်း၊ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုတန်ချိန် ၁၁၅၇၀ ကျော်မှ တန်ဖိုးအမေရိကန်ဒေါ်လာ ၈ ဒသမ ၁၉၇ သန်းဖိုးရရှိခဲ့သည်။ ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နှင့် စင်ကာပူနိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့သည်။
ပဲစင်းငုံ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပဲစင်းငုံတင်ပို့မှုတန်ချိန် ၁၇၂၀ဝ ကျော်မှ တန်ဖိုး ၁၃ ဒသမ ၆၁၇ သန်း ဝင်ငွေရရှိခဲ့သည်။
မတ်ပဲ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ်ပဲတင်ပို့မှုတန်ချိန် ၂၁၂၀ဝ ကျော်မှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၄၅ သန်း၊ မြန်မာ-ထိုင်းနှင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုများမှ မတ်ပဲ တန်ချိန် ၃၀ဝ ကျော် တင်ပို့မှုမှ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၉သန်းရရှိခဲ့သည်။ မတ်လဆန်းမှ လတစ်ဝက်အတွင်း ပဲတီစိမ်း၊ ပဲစင်းငုံ နှင့် မတ်ပဲစုစုပေါင်း တင်ပို့မှုတန်ချိန် ၁၀၆၉၂၀ ကျော် ရှိကြောင်း သိရသည်။
CJ
