Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလနှင့် မတ်လ ပဲမျိုးစုံဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုနှိုင်းယှဉ်ချက်

Mon, 04/24/2023 - 13:02 -- journal_editor

ပြည်ကုန်စည်တွင် ဖေဖော်ဝါရီလနှင့်မတ်လ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဖြစ်ပေါ်နေသော ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုကို လေ့လာသိရှိရသည်။

မတ်ပဲ

ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၅၈၅၀ဝ၊ ဒုတိယပတ်တွင် ကျပ် ၆၁၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၆၂၀ဝ၀ ဖြင့် လှောင်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀ဝ မှ ၄၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ကျပ် ၆၂၀ဝ၀ ဖြင့် ဈေးငြိမ်နေခဲ့ပြီး  ရန်ကုန်အဝယ်ရှိခဲ့သည်။ မတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၆၀ဝ၀ဝ-၆၁၀ဝ၀ ထိဈေးကျလာခဲ့ပြီး လှောင်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀ဝ မှ ၃၅၀ ခန့် တင်ပို့မှုရှိခဲ့သည်။ မတ်လ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၆၄၀ဝ၀ ဖြင့် ဈေးတက်လာခဲ့သည်။ တတိယပတ်တွင် တစ်တင်းကို ကျပ် ၆၆၅၀ဝ-၆၇၀ဝ၀ ဖြင့် ဈေးပိုတက်ခဲ့ပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀ဝ မှ ၃၀ဝ ခန့်ရှိသည်။ မတ်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၆၇၅၀ဝ ဖြင့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။

ပဲစင်းငုံ

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီ ပထမပတ်တွင် ပဲစင်းငုံသီးနှံတစ်တင်းကို ကျပ် ၆၁၀ဝ၀၊ ဒုတိယပတ်တွင် ကျပ် ၆၅၀ဝ၀ ထိဈေးမြင့်လာခဲ့ပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀ဝမှ ၃၀ဝ ခန့် တင်ပို့မှုရှိခဲ့သည်။ ဖေဖော်ဝါရီ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၆၆၀ဝ၀ ဖြင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၆၉၀ဝ၀-၆၉၅၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀ဝမှ၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ မတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၆၈၅၀ဝ-၆၉၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀ဝမှ၃၀ဝ ခန့်ရှိခဲ့သည်။ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၇၁၅၀ဝ-၇၂၀ဝ၀ ဖြင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ မတ်လတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၇၄၅၀ဝ-၇၅၀ဝ၀ အထိ ဈေးမြင့်ခဲ့ပြီး ရန်ကုန်အဝယ်ရှိခဲ့သည်။ မတ်လစတုတ္ထပတ်တွင် ပဲစင်းငုံဈေးအေးနေပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀ဝမှ၃၀ဝ ခန့် တင်ပို့ခဲ့သည်။

ကုလားပဲ

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီပထမပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ကျပ် ၆၈၀ဝ၀၊ ကုလားပဲ မြကြေးမှုံ တစ်တင်းကို ကျပ် ၆၅၀ဝ၀-၆၆၀ဝ၀ ဖြင့် ခွဲစက်သမားနှင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၃၀ဝ ခန့်ရှိခဲ့သည်။ ဒုတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ကျပ် ၆၅၀ဝ၀၊ ကုလားပဲမြကြေးမှုံ တစ်တင်းကို ကျပ် ၆၂၅၀ဝ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀ဝမှ၄၀ဝ ခန့် အဝယ်ရှိခဲ့သည်။ တတိယပတ်တွင် ကုလားပဲဟော်လန် တစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ၊ ကုလားပဲ မြကြေးမှုံတစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ စတုတ္ထပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ကျပ် ၆၇၀ဝ၀-၆၈၀ဝ၀၊ ကုလားပဲ မြကြေးမှုံနှင့်ဈေးတူပြီး မြို့တွင်းအဝယ်ရှိခဲ့သည်။ မတ်လ ပထမပတ်တွင်  ကုလားပဲဟော်လန် တစ်တင်းကို ကျပ် ၆၈၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ် ၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ မတ်လ ဒုတိယပတ်တွင် ကုလားပဲဟော်လန် တစ်တင်းကို ကျပ် ၇၃၀ဝ၀-၇၄၀ဝ၀၊ ကုလားပဲ မြကြေးမှုံတစ်တင်းကို ကျပ် ၇၃၀ဝ၀-၇၃၅၀ဝ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။ မတ်လ တတိယပတ်တွင် ကုလားပဲဟော်လန် တစ်တင်းကို ကျပ် ၇၄၀ဝ၀၊ ကုလားပဲ မြကြေးမှုံတစ်တင်းကို ကျပ် ၇၄၅၀ဝ-၇၅၀ဝ၀ ဖြင့် ခွဲစက်သမားများ အဝယ်တစ်ရက်ကို အိတ် ၃၀ဝမှ ၄၀ဝ ခန့် ရှိခဲ့သည်။ စတုတ္ထပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ကျပ် ၇၃၀ဝ၀၊ ကုလားပဲ မြကြေးမှုံတစ်တင်းကို ကျပ် ၇၃၅၀ဝ-၇၄၀ဝ၀ ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ 

ဗိုလ်ကိတ်ပဲ

ဖေဖော်ဝါရီလ ပထမပတ် ပြည်ကုန်စည်ဒိုင်တွင် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၄၇၅၀ဝ၊ ဒုတိယပတ်တွင် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၄၈၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၅၀မှ၁၀ဝ ခန့်ရှိခဲ့သည်။ ဖေဖော်ဝါရီတတိယပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်းကို ကျပ် ၄၇၀ဝ၀၊ စတုတ္ထပတ်တွင် ဗိုလ်ကိတ် ဈေးအေးနေပြီး ပဲတစ်တင်းကို ကျပ် ၄၇၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။ မတ်လ ပထမပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းကို ကျပ် ၄၇၀ဝ၀၊ ဒုတိယပတ်နှင့် တတိယပတ်တွင်လည်း ဗိုလ်ကိတ်ပဲ တစ်တင်းကို ကျပ် ၄၇၀ဝ၀ ဖြင့် ဈေးအေး၍ အရောင်းအဝယ်ဖြစ်ခဲ့သည်။ စတုတ္ထပတ်တွင်လည်း ကျပ် ၄၇၀ဝ၀ ဖြင့် မြို့တွင်းအဝယ်တစ်ရက် ကို ၅၀ မှ ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလနှင့် မတ်လ ပဲမျိုးစုံဈေးကိုကြည့်လျှင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ မတ်လတွင် ဈေးပိုတက်ခဲ့ပြီး ဗိုလ်ကိတ်ပဲဈေးမှာ ဈေးအေးလျက်ရှိကြောင်း သိရသည်။ 

မိမိအေး(ပြည်)