Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Tue, 05/09/2023 - 12:22 -- journal_editor

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊   ကုလားပဲ၊  ပဲကြီး၊  စားတော်ပဲ၊  ဗိုလ်ကိတ်ပဲတို့သည် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေး တို့မှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။
မတ်ပဲ
    ပြည်ကုန်စည်ဒိုင်တွင် ဧပြီလ ပထမပတ်တွင် မတ်ပဲတစ် တင်းကို ကျပ် ၆၇၅၀ဝ-၆၈၀ဝ၀ ဖြင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ မတ်လ  ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၆၇၀ဝ၀-၆၇၅၀ဝ ဖြင့် ဈေးငြိမ်လျက်ရှိပြီး ရန်ကုန်အဝယ်  တစ်ရက်ကို အိတ်  ၂၅၀-၃၀ဝ ခန့် အဝယ်ရှိသည်။ သင်္ကြန်ပိတ်ရက်အပြီးတွင် မတ်ပဲဈေးမြင့်လာပြီး ပဲတစ်တင်းကို ကျပ် ၆၈၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။ ဧပြီလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်း ကို ကျပ် ၇၀၅၀ဝ-၇၁၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ ခန့်ရှိသည်။
ပဲစင်းငုံ
    ပြည်ကုန်စည်ဒိုင်၏  ဧပြီလ ပထမပတ်တွင် ပဲစင်းငုံတစ် တင်းကို ကျပ် ၇၅၀ဝ၀-၇၅၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၂၅၀ ခန့် အရောင်းအဝယ်ရှိခဲ့သည်။ ဧပြီလ ဒုတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၇၅၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ သင်္ကြန်ပြီးကာလတွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၇၅၅၀ဝ ဖြင့် ဈေးအေးနေခဲ့ပြီး စတုတ္ထပတ်မှာ ပဲစင်းငုံတစ်တင်းကို ကျပ် ၇၇၅၀ဝ-၇၈၀ဝ၀ ထိ ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကို အိတ် ၂၀ဝ ခန့် ရန်ကုန်အဝယ်ရှိခဲ့သည်။
ကုလားပဲ
    ပြည်ကုန်စည်ဒိုင်၏ ဧပြီလအစတွင် ကုလားပဲ (ူံ)တစ် တင်းကို ကျပ် ၇၁၅၀ဝ-၇၂၀ဝ၀ ကျပ်၊ ကုလားပဲ (မြကြေးမုံ) တစ် တင်းကို  ကျပ် ၇၂၅၀ဝ-၇၃၀ဝ၀ ဖြင့်    မြို့တွင်းခွဲစက်သမား၊ ရန်ကုန်ဝယ်လက်နှင့် လှောင်သမားများက တစ်ရက်ကို အိတ် ၂၀ဝ/၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင် ကုလားပဲ (ူံ) တစ်တင်းကို ကျပ် ၇၂၀ဝ၀-၇၂၅၀ဝ-၇၃၀ဝ၀၊ ကုလားပဲ (မြကြေးမုံ) တစ်တင်းကို ကျပ် ၇၃၀ဝ၀-၇၃၅၀ဝ-၇၄၀ဝ၀ ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ ခန့် ရှိခဲ့ သည်။ သင်္ကြန်ပိတ်ရက်အပြီး ဈေးများပြန်ဖွင့်ချိန်တွင် ကုလားပဲ (ူံ) တစ်တင်းကို ကျပ် ၇၆၅၀ဝ-၆၈၀ဝ၀၊ ကုလားပဲ(မြကြေးမုံ) တစ်တင်းကို ကျပ် ၇၇၀ဝ၀-၇၇၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သည်။ ဧပြီလနောက်ဆုံးပတ်မှာတော့ ကုလားပဲ (ူံ)တစ်တင်း ကို ကျပ် ၇၅၀ဝ၀-၇၅၅၀ဝ၊ ကုလားပဲ(မြကြေးမုံ) တစ်တင်းကို ကျပ် ၇၆၀ဝ၀-၇၆၅၀ဝ-၇၇၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားနှင့်လှောင်သမားများ တစ်ရက်ကို အိတ် ၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။
ပဲကြီး
    ပြည်ကုန်စည်ဒိုင်၌  ဧပြီလပထမပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ကျပ် ၈၀ဝ၀ဝ၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ကျပ် ၇၇၀ဝ၀-၇၈၀ဝ၀၊ ပဲကြီး(အာမဲ) တစ်တင်းကို ကျပ် ၇၅၀ဝ၀ ဖြင့် ပဲကြော်ဖိုသမားများနှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀ဝ/၂၅၀ ခန့် အဝယ်ရှိသည်။ ဧပြီဒုတိယပတ်နှင့် သင်္ကြန်ပြီးကာလတွင် ပဲကြီးဈေးအေးနေခဲ့ပြီး ဧပြီ စတုတ္ထပတ်တွင် ပဲကြော်ဖိုသမားများက အဝယ်ရှိ၍ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ကျပ် ၉၀ဝ၀ဝ ဖြင့် ဈေးတက်ခဲ့သည်။
စားတော်ပဲ
    ဧပြီလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ကျပ် ၁၁၀ဝ၀ဝ-၁၁၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၅၀ ခန့် အဝယ်ရှိခဲ့သည်။  ဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို  ကျပ် ၁၁၀ဝ၀ဝ-၁၁၃၀ဝ၀ ဖြင့်အဝယ်ရှိခဲ့ပြီး သင်္ကြန် ပြီးစတွင်  စားတော်ပဲ(ကျွန်း) တစ်တင်းကို ကျပ် ၁၁၀ဝ၀ဝ- ၁၁၃၀ဝ၀ ဖြင့် ဈေးအေးနေခဲ့ပါသည်။ ဧပြီနောက်ဆုံးပတ်မှာ စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ်၁၁၀ဝ၀ဝ-၁၁၃၀ဝ၀ ဖြင့် မြို့တွင်း အဝယ်ရှိခဲ့သည်။
ဗိုလ်ကိတ်ပဲ
    ပြည်ကုန်စည်ဒိုင်၌ ဧပြီလ ပထမပတ်တွင် ဗိုလ်ကိတ်တစ် တင်းကို ကျပ် ၄၆၀ဝ၀-၄၇၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် ရှိခဲ့သည်။ ဒုတိယပတ်တွင် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၄၆၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ်  ၅၀-၁၀ဝ ခန့် အဝယ်ရှိ ခဲ့သည်။ သင်္ကြန်ပိတ်ရက်အပြီးတွင် ဗိုလ်ကိတ်တစ်တင်းကို  ကျပ် ၄၆၀ဝ၀ ဖြင့် ဈေးအေးနေခဲ့သည်။ ဧပြီလနောက်ဆုံးပတ်တွင် ဗိုလ်ကိတ် တစ်တင်းကို ကျပ် ၄၇၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ သည်။ ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံတွင် မြို့တွင်းအဝယ်ရှိသော ကုလားပဲမှာ အရောင်းအဝယ်သွက်လျက်ရှိပြီး ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲ(ကျွန်း)တို့သည် အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရှိရသည်။                                                        

မိမိအေး (ပြည်)