Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်နှင့် ယခုနှစ် ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်ခြင်း

Mon, 06/19/2023 - 12:17 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဗိုလ် ကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့လည်း တင်ပို့မှုရှိပြီး ပဲကြီး၊ ကုလားပဲနှင့်  ဗိုလ်ကိတ်ပဲများမှာ မြို့တွင်းရောင်းဝယ်မှုများပြီး တစ်ခါတစ်ရံမှသာ ရန်ကုန်နှင့် နယ်စုံသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သည်။
မတ်ပဲ
    ယခင်နှစ် ဇွန်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၄၉၀ဝ၀-၄၉၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုနှစ် ဇွန်လပထမပတ်တွင် မတ်ပဲတစ်တင်းကို  ကျပ် ၇၆၀ဝ၀-၇၆၅၀ဝ ဖြင့် ယခင်နှစ်ကဈေးထက် ပဲတစ်တင်းကို ကျပ် ၂၇၀ဝ၀ ခန့် ဈေးပိုရခဲ့ သည်။ ယခင်နှစ် ဇွန်လ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၅၂၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ် ဇွန်လဒုတိယပတ်တွင် မတ်ပဲတစ် တင်းကို ကျပ် ၈၀ဝ၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ ယခင်နှစ်ထက် ယခုနှစ်တွင် မတ်ပဲ တစ်တင်းကို ကျပ် ၂၈၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။ 
ပဲစင်းငုံ
    ယခုနှစ် ဇွန်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၁၀၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်နှစ် ဇွန်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၄၅၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၂၀ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခုနှစ် ဇွန်လဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၁၀၅၀ဝ၀ ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပြီး ယခင်နှစ်က ပဲစင်းငုံတစ်တင်းကို ကျပ် ၄၆၀ဝ၀ ဖြင့် အဝယ်ရှိခဲ့သည်။ ယခုနှစ်ဈေးက ယခင်နှစ်ဈေးထက် ပဲတစ်တင်းကို ကျပ် ၅၉၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။
ကုလားပဲ
    ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ် ဇွန်လပထမပတ် ကုလားပဲ(ူံ)တစ်တင်းကို ကျပ် ၁၈၀ဝ၀ ဖြင့် ခွဲစက်နှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ ယခု နှစ် ဇွန်လပထမပတ်တွင် ကုလားပဲ (Hl) တစ်တင်းကို ကျပ် ၉၁၀ဝ၀-၉၂၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး ယခင်နှစ်ဈေးထက် ပဲတစ်တင်းကို ကျပ် ၄၃၀ဝ၀-၄၄၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။ ယခင်နှစ် ဇွန်လပထမပတ်တွင် ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၅၂၀ဝ၀၊ ယခုနှစ်တွင် ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ကျပ် ၉၁၀ဝ၀-၉၂၀ဝ၀ ဖြင့် ပဲတစ်တင်းကို ကျပ် ၃၉၀ဝ၀-၄၀ဝ၀ဝ ခန့် ဈေးပိုရခဲ့သည်။ ယခုနှစ်  ဇွန်လပထမပတ်တွင် ကုလားပဲ (Hl) တစ်တင်းကို ကျပ် ၉၂၀ဝ၀ ကုလားပဲ (မြကြေးမှုံ)တစ်တင်း ကို ကျပ် ၉၂၀ဝ၀ ဖြင့် ခွဲစက်သမားများ အဝယ်ရှိခဲ့သည်။ ယခင်နှစ် ဇွန်လ ဒုတိယပတ်တွင် ကုလားပဲ (Hl) တစ်တင်းကို ကျပ် ၅၁၀ဝ၀၊ (မြကြေးမှုံ)တစ်တင်းကို ကျပ်  ၅၂၀ဝ၀ ဖြင့်  အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀ဝ ခန့် အဝယ်ရှိခဲ့သည်။
ပဲကြီး
    ပြည်ကုန်စည်ဒိုင်တွင် ယခုဇွန်လ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ်  ၉၅၀ဝ၀ ဖြင့် ပဲကြော်သမားများနှင့် နယ်စုံအဝယ်ရှိခဲ့ သည်။ ယခင်နှစ် ဇွန်လပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၇၀ဝ၀ဝ ဖြင့် အဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို ကျပ် ၂၅၀ဝ၀ ဖြင့် ယခုနှစ်တွင် ဈေးပိုရခဲ့သည်။ ယခုနှစ် ဇွန်လ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်း ကို ကျပ် ၉၅၀ဝ၀ ဖြင့်  ပဲကြော်သမားများ  အဝယ်ရှိခဲ့သည်။ ယခင်နှစ် ဇွန်လ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်ပြီး ပဲတစ်တင်းကို ကျပ် ၂၅၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။
ဗိုလ်ကိတ်
    ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်ဇွန်လပထမပတ်တွင် ဗိုလ်ကိတ် တစ် တင်းကို ကျပ် ၅၄၀ဝ၀-၅၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင် နှစ် ဇွန်လပထမပတ်တွင် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၃၄၀ဝ၀ ရှိပြီး ပဲတစ် တင်းကို ကျပ်၂၀ဝ၀ဝ-၂၁၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။ ယခုနှစ် ဇွန်လ ဒုတိယ ပတ်တွင် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၅၅၀ဝ၀၊  ယခင်နှစ် ဗိုလ်ကိတ် တစ်တင်းကို ကျပ် ၃၅၀ဝ၀ ဖြင့် မြို့တွင်းနှင့် နယ်စုံအဝယ်ရှိခဲ့သည်။ ယခု နှစ် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၂၀ဝ၀ဝ ခန့်  ဈေးပိုရခဲ့ကြောင်း သိရ သည်။
    ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ် ဇွန်လပထမပတ်နှင့် ဒုတိယပတ် ဈေးနှုန်းနှင့် ယခင်နှစ် ဇွန်လပထမပတ်နှင့် ဒုတိယပတ်ပဲဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးများမှာ သိသိသာသာ ဈေးပိုရခဲ့ကြောင်း သိရသည်။ 

  မိမိအေး (ပြည်)