Main menu

Background

မြေပဲများ နုတ်သိမ်းပြီးစီးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Mon, 06/19/2023 - 12:31 -- journal_editor

ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့ ပါဝင်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ခရိုင်တစ်ခုလုံးအနေဖြင့် မြေပဲစိုက်ဧက ၁၃၁၈၅ ဧက စိုက်ပျိုးခဲ့ပြီး မိုးညှင်းမြို့နယ်တွင် ၅၁၈၇ ဧကကျော် အထိ စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဦးစီးဌာန၏ စာရင်းအရ သိရှိရသည်။
မြေပဲကိုစပါးရိတ်သိမ်းပြီးလယ်မြေများတွင် ထယ်ရေးနက်နက်ထိုး  ထွန်မွှေကာ အတန်းလိုက်မျိုးစေ့ချ စိုက်ပျိုးကြပြီး ပေါင်းနုတ်ခြင်း၊ ဘောင်ဖို့ခြင်း လုပ်ငန်းများဆောင်ရွက်ကြရကြောင်း၊ ပင်ထောင်မျိုးများဖြစ်သည့် ဆင်းပဒေသာ(၇)၊ မကွေး (၁၁)မျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ် ကျပ်ခြောက်သိန်းကျော်ရှိပြီး တစ်ဧကထွက်နှုန်းတင်း ၄၀ ကျော်ထွက်ရှိကြောင်း၊  နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ထွက်ရှိသည့် မြေပဲများကို စားသုံးဆီအဖြစ် ကြိတ်ခွဲရောင်းချကြကြောင်း၊ ယခုနှစ်တွင် မြေပဲဆီ ၁၀ ပိဿာတစ်ပုံးလျှင် ကျပ် ၁၅၀ဝ၀ဝ ခန့်ရှိကြောင်း၊ မြေပဲတောင့် တစ်တင်းလျှင် ဆီနှစ်ပိဿာရရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ် များပြားသော်လည်း တစ်ဧကလျှင် ဆီ ၁၀ ပိဿာ ရှစ်ပုံးခန့် ရရှိသဖြင့် စားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုသည့် သီးနှံဖြစ်ကာ အကျိုးအမြတ်များသည့် သီးနှံဖြစ်သဖြင့် တောင်သူ များ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်နေသည့်အတွက် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။                                                                                                      

ကျော်မိုးလွင်(မိုးညှင်း)