Main menu

Background

ပြည်ကုန်စည်ဒိုင်တွင်  မတ်ပဲဈေးကျပြီး  ကျန်ပဲများ ဈေးမြင့်လျက်ရှိ

Mon, 07/17/2023 - 11:54 -- journal_editor

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် မတ်ပဲဈေးများ တက်နေသော် လည်း ဒုတိယပတ်တွင် ဈေးကျနေပြီး ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီးဈေးများ တက်လျက်ရှိသည်။
ဇူလိုင်လဆန်းပိုင်းတွင်  မတ်ပဲတစ်တင်းကို ကျပ် ၅၆၀ဝ၀ -၅၆၅၀ဝ ဖြင့် အဝယ်ပုံမှန်ရှိခဲ့သည်။  ဇူလိုင် ဒုတိယပတ်မှာ မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ကျပ် ၅၂၀ဝ၀ -၅၂၅၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၅၀-၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ဇူလိုင်လ ပထမပတ်တွင်  ပဲစင်းငုံအရောင်းအဝယ်ရှိပြီး ပဲစင်းငုံ တစ်တင်းကို ၄၆၅၀ဝကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဇူလိုင် ဒုတိယပတ် တွင် ပဲစင်းငုံတစ်တင်းကို ကျပ်  ၄၆၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင်  ဇူလိုင်ပထမပတ်  ကုလားပဲ(ဟော်လန်)တစ်တင်းကို ကျပ် ၅၀၅၀ဝ-၅၁၀ဝ၀၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို  ကျပ် ၅၁၅၀ဝ ဖြင့် ဇွန်လကထက်ဈေးတက်လာခဲ့သည်။ ဇူလိုင်ဒုတိယပတ်မှာ  ကုလားပဲ(ဟော်လန်)တစ်တင်းကို  ကျပ် ၅၁၀ဝ၀၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၅၁၅၀ဝ-၅၂၀ဝ၀ ဖြင့်မြို့ တွင်းခွဲစက်သမား များ ရန်ကုန်အဝယ်နှင့် နယ်စုံတင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၃၀ဝ-၄၀ဝ ခန့် အဝယ်ရှိသည်။ 
ဇူလိုင်ပထမပတ်တွင် ပဲကြီးသီးနှံဈေးမှာ ပဲကြီး(ရွှေကျွန်း)တစ်တင်း ကို ကျပ် ၇၀ဝ၀ဝ ပဲကြီး(ကမ်းနား)တစ်တင်းကို ကျပ် ၇၀ဝ၀ဝဖြင့် တစ်ရက် ကို အိတ် ၂၀ဝ-၃၀ဝခန့် မြို့တွင်းအဝယ်ရှိခဲ့သည်။ ဇူလိုင် ဒုတိယပတ်တွင် ပဲကြီးဈေးအေးနေခဲ့ပြီး ပဲကြီး(ကမ်းနား)တစ်တင်းကို ကျပ် ၇၀ဝ၀ဝ ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ်  ၂၀ဝ-၃၀ဝခန့် အရောင်း အဝယ်ဖြစ်ခဲ့သည်။
ဇူလိုင်လဆန်းပိုင်းတွင် စားတော်ပဲ(ကျွန်း)သီးနှံတစ်တင်းကို ကျပ် ၉၅၀ဝ၀-၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ရှိပြီး ဇွန်လကထက် ဈေးတက်လာကြောင်း သိရသည်။ ဇူလိုင်ဒုတိယပတ်မှာ စားတော်ပဲ(ကျွန်း) မတစ်တင်းကို ကျပ် ၉၅၀ဝ၀-၁၀ဝ၀ဝ၀ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် အရောင်းအဝယ်ရှိခဲ့သည်။ 
ဇူလိုင်လပထမပတ်မှာ ဗိုလိကိတ်ပဲတစ်တင်းကို ကျပ် ၃၅၀ဝ၀ ဈေးဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀ဝ-၁၅၀ခန့် အဝယ်ရှိပြီး ဇူလိုင်လဒုတိယပတ်တွင် ပဲဈေး အေးနေပြီး ဘိုကိတ်တစ်တင်း ကို ကျပ် ၃၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများ တွင် ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်၊ စားတော်ပဲ(ကျွန်း)ပဲများမှာ မြို့တွင်းအဝယ်ရှိ၍  အရောင်းအဝယ်  သွက်လျက်ရှိပြီး မတ်ပဲ ရောင်းဝယ်မှုမှာ အနည်းငယ် အေးလျက်ရှိကြောင်း သိရသည်။ 
မိမိအေး (ပြည်)