Main menu

Background

ပခုက္ကူခရိုင်အတွင်း ဖြစ်ပေါ်နေသော မြေပဲဆန်ဈေးနှုန်းဈေးကွက်နှင့် ဆုံဆီ ဈေးနှုန်းဈေးကွက်

Tue, 11/07/2023 - 10:58 -- journal_editor

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့် နှမ်းကို အဓိကစိုက်ပျိုးကြသည်။ ယခုအခါတွင် သုံးလ မြေပဲများ ဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆန်ဈေးမှာလည်း အနည်းငယ် ကျကြောင်း သိရှိရသည်။ ပခုက္ကူခရိုင် အတွင်းသို့ မြိုင်မြို့နယ်ရှိ ရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူမြို့ အနောက်ဘက်ရှိ ရွာများမှ သုံးလမြေပဲ များလာရောက် အရောင်းအဝယ်ဖြစ်နေ သည်။  သုံးလမြေပဲ၏  အခွံပါအတောင့် ဈေးနှုန်းမှာ  တစ်ပိဿာလျှင်   ကျပ် ၂၆၀ဝ-၃၁၀ဝ-၃၂၀ဝ ၊ မြေပဲအဆန် တစ်ပိဿာ လက်ကားဈေးမှာ မြေပဲ ဆန် (ပဲလေး) အလုံးအသေးအကြီးပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ- ၅၈၀ဝ မှစ၍    ကျပ် ၆၀ဝ၀ -၆၁၀ဝ၊ မြေပဲဆန်(ပဲကြီး)  တစ်ပိဿာလျှင်  ကျပ် ၅၉၀ဝ-၆၀ဝ-၆၁၀ဝ၊ မြေပဲဆန် ပြန့်ရှယ် တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ-၅၈၀ဝ-၆၀ဝ၀၊    မြေပဲဆန်ရွေးကျ (ခွဲခြမ်း) တစ်ပိဿာလျှင်  ကျပ် ၃၅၀ဝ-၃၈၀ဝ ဖြင့်  အရောင်းအဝယ် ဖြစ်နေ သည်။ 
မြေပဲဆန် ( ၃) လပဲများ ဖြိုင်ဖြိုင် ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ် ငန်းများလည်း တွင်ကျယ်စွာလည်ပတ် လျက်ရှိသည်။ ပခုက္ကူမြို့နယ်တွင် ဆုံဆီ လုပ်ငန်းများမှာ ယခင်ကထက်  တွင် ကျယ်စွာ လုပ်ကိုင်လာကြသည်။မြေပဲ ဆုံဆီကြိတ်ရာတွင်  မြေပဲဆန်များကို ပျာတီးသန့်စင်ခြင်း၊  မြေပဲ အပုပ်စေ့ များကို ရွေးထုတ်ပြီးမှာသာ မြေပဲဆန် ကြိတ်ရကြောင်း၊ မြေပဲဆန်ပဲလေးတစ် ပိဿာကြိတ်လျှင်   ဆီ (၄၀-၄၂) ကျပ် သား  ထွက်ရှိကြောင်း  မြေပဲတစ်စုံကြိတ် လျှင် ငါးပိဿာကြိတ်ရပြီး ဆီထွက်ရှိ မှုမှာ  နှစ်ပိဿာ ၁၀ ကျပ်သား ထွက်ရှိ ကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင်  ကျပ် ၇၀ဝ  မြေပဲစုံ  ခုနစ်စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရသည်။ မြေပဲ ဆုံဆီ တစ်ပိဿာလျှင်  ကျပ် ၁၃၀ဝ၀  မှ ၁၃၅၀ဝ၊ စက်ပဲဆီသန့်  တစ်ပိဿာ လျှင်  ကျပ် ၁၁၀ဝ၀-၁၂၀ဝ၀ ဖြစ်ပြီး ဆုံပဲခွေဖတ် တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ  ဖြင့် ရောင်းချနေကြောင်း ဈေး ကွက်အနေဖြင့်   ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးသို့  တင်ပို့နေကြောင်း  ပခုက္ကူမြို့နယ်   ဆုံဆီလုပ်ငန်းရှင်ထံမှ သိရှိရသည်။  

 

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)