Main menu

Background

ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 08/04/2025 - 10:10 -- journal_editor

ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ရောင်းချ လျက်ရှိသော မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား၊ ထောပတ်ပဲနှင့် ပဲပုပ်တို့၏  ဈေးနှုန်းဈေးကွက် အခြေအနေအား လေ့လာခဲ့ သည်။
မြေပဲ
ဇူလိုင်လ   နောက်ဆုံးပတ်တွင်    ပြည်ဈေးကွက်၌ အရောင်းအဝယ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၈၀ဝ၊ ဆီကြိတ်မြေပဲဆန်(အနီ)တစ် ပိဿာလျှင် ကျပ် ၈၅၀ဝဖြင့် ယခင်လကအတိုင်း ဈေးငြိမ် လျက်ရှိသည်။ 
ပဲလွမ်းဖြူ
ပြည်ဈေးကွက်ရှိ ယခု ဇူလိုင်လ နောက်ဆုံးပတ်တွင် ပဲလွမ်းဖြူဈေးမှာ တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀-၈၈၀ဝ၀ ဖြင့် လက်လီသမားများက အဝယ်ရှိ၍ တစ်ရက်လျှင် အိတ် ၁၄/ ၁၅ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ထောပတ်ပဲ
ပြည်မြို့ရှိ ပွဲရုံများ၏ ဇူလိုင်လကုန်ပတ်တွင် ထောပတ် ပဲဈေးနှုန်းမှာ တစ်တင်းလျှင်  ကျပ် ၁၀ဝ၀ဝ၀ ဖြင့် လက်လီ သမားများသာ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် ပိဿာ၂၀ ဝင်အိတ် ၂၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဇွန်လကုန် ပတ်တွင် ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြစ်ခဲ့၍ ယခုလတွင် တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ ခန့် ဈေးပိုလာခဲ့ သည်။
ပဲပုပ်
ပဲပုပ်ဈေးမှာ ယခုဇူလိုင်လကုန်ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် ဒေသတွင်း လက်လီအဝယ်တစ်ရက်လျှင် အိတ် ၂၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဇွန်လ ကုန် ပတ်တွင် ပဲပုပ်တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၀ ဈေးအထိ မြင့်တက်ခဲ့၍ ယခုလတွင် ပဲပုပ်တစ်တင်းလျှင် ကျပ် ၅၀ဝ၀ ခန့် ဈေးလျော့နည်းလာခဲ့သည်။
ပဲနီပြား
ပဲနီပြားဈေးနှုန်းမှာ ယခုဇူလိုင်လကုန်ပတ်တွင် တစ် တင်းလျှင်  ကျပ် ၁၅၀ဝ၀ဝ ဖြင့် လက်လီဝယ်ရောင်းသမား များဖြင့်သာ တစ်ရက်လျှင် အိတ် ၅၀/၁၀ဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ယခင် ဇွန်လကုန်ပတ်တွင် ပဲနီပြား တစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပြီး ယခုလတွင် တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ ခန့် ဈေးပို လာခဲ့သည်။
ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများထဲတွင် ပဲပုပ်တစ်မျိုးသာ ယခင်လထက် ဈေးကျလာ သည်။

 

ဝေဝေမင်း (ပြည်)