ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် မေ ၂၇ ရက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံပြည်တွင်းတစ်တန်ဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၉၉၇၀ဝ၀ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၀၄၆၀ဝ၀ သို့လည်းကောင်း၊ ပဲစင်းငုံတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၈၆၀ဝ၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၁၂၂၀ဝ၀ သို့လည်းကောင်း အသီးသီးဈေးမြင့်တက်သွားပြီး ပဲတီစိမ်းတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၃၉၉၂၈၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၂၂၇၃၀ဝ သို့လည်းကောင်း ပဲလွမ်းဖြူ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၇၀၆၈၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင်လည်း ကျပ် ၂၂၄၇၅၀ဝ သို့လည်းကောင်း အသီးသီးဈေးကျဆင်းလျက်ရှိသည်ကို တွေ့ရှိရသည်။
လက်ရှိတွင် အိန္ဒိယအစိုးရ နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာနက ပဲစင်းငုံနှင့် မတ်ပဲကို လွတ်လပ်စွာတင်သွင်းခွင့် မူဝါဒကို ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်သည့်အတွက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော ပဲစင်းငုံနှင့် မတ်ပဲတို့အတွက် ဈေးကွက်အခွင့်အလမ်းများ ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။ တောင်သူများအနေဖြင့် ပဲမျိုးစုံများအနက် ပဲစင်းငုံနှင့် မတ်ပဲအား စီးပွားဖြစ်ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ဇာစ်မြစ်။ ဘုရင့်နောင် ကုန်စည်ဒိုင်တွင်၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့၏ မေလ ၂၇ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ် ထားခြင်းဖြစ်သည်။
