ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသောပဲများနှင့် ပြည်တွင်းစားသုံးမှုများပြီး ဒေသတွင်းဝယ်လိုအားများသောပဲများသာ လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်ရှိခဲ့ကြသည်။ ၂၀၂၆ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည် -
စဉ် ပဲအမျိုးအစား ရေတွက်ပုံ ဧပြီ မေ ဇွန် ဇူလိုင်
၁။ မြေပဲဆီဆန် ပိဿာ ၁၁၀ဝ၀ ၁၀၂၀ဝ ၉၅၀ဝ ၁၂၀ဝ၀
၂။ မြေပဲလုံးဆန် ပိဿာ ၁၅၀ဝ၀ ၁၀၃၀ဝ ၁၁၂၀ဝ ၁၃၀ဝ၀
၃။ မတ်ပဲ တင်း ၉၉၀ဝ၀ ၉၇၅၀ဝ ၁၀၂၅၀ဝ ၁၁၀၅၀ဝ
၄။ ပဲစင်းငုံ တင်း ၉၅၀ဝ၀ ၉၆၅၀ဝ ၉၆၀ဝ၀ ၁၀၁၀ဝ၀
၅။ ကုလားပဲ (HL) တင်း ၈၂၀ဝ၀ ၈၁၀ဝ၀ ၈၁၀ဝ၀ ၈၂၀ဝ၀
၆။ ပဲကြီး တင်း ၁၆၀ဝ၀ဝ ၁၇၀ဝ၀ဝ ၂၂၀ဝ၀ဝ ၂၇၀ဝ၀ဝ
၇။ ဗိုလ်ကိတ်ပဲ တင်း ၆၈၀ဝ၀ ၆၈၅၀ဝ ၆၃၀ဝ၀ ၆၂၅၀ဝ
၈။ စားတော်ပဲ တင်း ၂၀ဝ၀ဝ၀ ၁၉၀ဝ၀ဝ ၁၉၅၀ဝ၀ ၂၂၀ဝ၀ဝ
ပြည်ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော မြေပဲဆန်(ဆီဆန်)ဈေးများမှာ ဧပြီလတွင် တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀ ရှိရာမှ ဇူလိုင်လတွင် တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ ဖြင့် ဈေးများ မြင့်တက်လာခဲ့သည်။ မြေပဲ(လုံးဆန်) ဈေးမှာလည်း ဧပြီလတွင် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ မှ ဇူလိုင်လတွင် တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ဖြင့် မြင့်တက်လာခဲ့သည်။ ဈေးကွက်အနေဖြင့် ဆီစက်လုပ်ငန်းရှင်သမားများ နှင့် ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိ၍ တစ်ရက်လျှင် အိတ် ၃၀ဝ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။
မတ်ပဲဈေးမှာလည်း ဧပြီလတွင် တစ်တင်းလျှင် ကျပ် ၉၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လတွင် ပဲတစ်တင်းလျှင် ကျပ် ၁၁၀၅၀ဝ ဖြင့် ဈေးဆက်လက် မြင့်တက်လာခဲ့သည်။ မတ်ပဲကို ဒေသတွင်းသာ ဝယ်ယူမှုရှိပြီး လက်လီသမားများနှင့် ပဲလှောင်လက်များဖြင့်သာ တစ်ရက်လျှင် အိတ် ၂၀ ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။
ပဲစင်းငုံဈေးမှာ ဇူလိုင်လတွင် တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လတွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀ ဖြင့် ဝယ်ယူမှုရှိလာ၍ ဈေးအနည်းငယ် မြင့်တက်လာခဲ့သည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင် အိတ် ၅၀ ခန့် ဖြစ်သည်ဟုသိရသည်။ကုလားပဲ (HL) ဈေးမှာ ဇူလိုင်လတွင်တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မြို့တွင်းပဲခွဲစက်များမှ ဝယ်ယူမှုရှိသဖြင့် တစ်ရက်လျှင် အိတ် ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲကြီးဈေးမှာ ဧပြီလတွင် တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပဲလှော်ဖိုသမားများနှင့် လက်လီသမားများမှ ဝယ်ယူမှုရှိ၍ ဈေးဆက်လက် မြင့်တက်လာခဲ့ပြီး တစ်ရက်လျှင် အိတ် ၅၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရ သည်။ ဗိုလ်ကိတ်ပဲဈေးမှာ ဇူလိုင်လတွင် တစ်တင်းလျှင် ကျပ် ၆၂၅၀ဝ ဖြင့် ဈေးအနည်းငယ်ကျလာပြီး လက်လီဝယ်ယူမှု အနည်းငယ်သာရှိကြောင်း သိရသည်။
ဝေဝေမင်း (ပြည်)
