Main menu

Background

မကွေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းဈေးကွက်

Fri, 08/07/2026 - 15:08 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊  လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြားပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်း ဝယ်ဖောက်ကားလျက်ရှိသည်။
နှမ်း
ဇွန်လစတုတ္ထပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၃၃၀ဝ၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၃၈၀ဝ၀ ၊ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ် ၁၉၄၀ဝ၀၊ နှမ်းညိုကျားတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) ကျပ် ၁၀ဝ၀ ဈေး မြင့်တက်ခဲ့ပြီး ကျန်နှမ်းများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပြီး တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ ၃၀ဝ၀၊ ရန်ကုန်မြို့သို့ နှမ်းအိတ်ရေ ၂၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၃၅၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ကုလားပဲ
ဇွန်လစတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းလျှင် ကျပ် ၇၆၅၀ဝ ၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ် ၈၀၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ (929) ကျပ် ၄၅၀ဝ  ဈေးတက်ခဲ့ကြောင်း၊ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၃၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၃၀ဝ ခန့်  အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရသည်။
ပဲစင်းငုံ
ဇွန်လစတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၉၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း၌ ပဲစင်းငုံစိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်ပဲများသာ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့  အိတ်ရေ  ၁၀ဝ၀၊ ပြည်မြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီး  တန်ချိန်အားဖြင့် တန် ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
မတ်ပဲ
ဇွန်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက  ကျပ် ၄၃၀ဝ ဈေးနှုန်းမြင့်တက်လာကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ  ရန်ကုန်မြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
စားတော်ပဲ
ဇွန်လစတုတ္ထပတ်တွင် စားတော်ပဲတစ်တင်းလျှင် ကျပ် ၂၀၆၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ် ၁၇၀ဝ ဈေးကျခဲ့ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ရဲမင်းသာ(မကွေး)