Main menu

Background

ပြည်ဈေးကွက်ရှိ သီးနှံဈေးနှုန်းများ

Tue, 06/20/2023 - 12:46 -- journal_editor

ပြည်ဈေးကွက်တွင် ယခင်နှစ်က မိုးစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၁၅၀ဝ၀ဝ ဈေးရှိပြီး ယခုနှစ်တွင် ကျပ် ၁၈၀ဝ၀ဝ၀ ဈေးရှိသည်။  နွေစပါးတင်း ၁၀ဝ လျှင် ယခင်နှစ်က ကျပ်  ၆၉၀ဝ၀ဝ ဈေးရှိခဲ့ပြီး ယခုနှစ် နွေစပါးပေါ်ချိန်တွင် ကျပ် ၁၄၇၀ဝ၀ဝ ရှိသည်။ ဆန်ဈေးနှုန်းအနေဖြင့် ဧည့်မထ (အဟောင်း) တစ်အိတ်လျှင် ယခင်နှစ်က ကျပ် ၃၉၅၀ဝ ရှိခဲ့ပြီး ယခုနှစ်မှာတော့ ကျပ် ၆၅၀ဝ၀ - ၆၂၀ဝ၀ ရှိခဲ့ပြီး ဧည့်မထအသစ်မှာ ယခင်နှစ်ပေါ်ချိန်က ကျပ် ၂၅၀ဝ၀ ဈေး ရှိပြီး ယခုနှစ်တွင် ကျပ် ၅၅၀ဝ၀ ဈေး ရှိသည်။
စပါး/ဆန်ဈေးနှုန်းမှာ ယခင်နှစ်ဈေးဖြင့် နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် ဈေးမြင့်တက်နေရခြင်းမှာ မိုးစပါးလက်ကျန် နည်းပါးခြင်း၊ စိုက်ပျိုးချိန်တွင် သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာသည့်အတွက် လျော့၍သုံးစွဲခဲ့ရခြင်းကြောင့် အထွက်နှုန်းများ လျော့နည်းရခြင်းနှင့် သယ်ယူစရိတ် မြင့်တက်လာခြင်းတို့ ကြောင့် ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိသည်။ 
ကြက်သွန်နီဈေးနှုန်းအနေဖြင့် ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ ဈေးရှိခဲ့ပြီး ယခုနှစ် တစ် ပိဿာလျှင် ကျပ် ၂၂၅၀ -၂၄၀ဝ ဈေးရှိသည်။ ယခုနှစ် စိုက်ချိန်တွင် သွင်းအားစု ဈေးကြီးမြင့်နေခြင်းနှင့် ပြည်ဈေးကွက်သို့  မကွေးတိုင်းဒေသကြီးမှ အများဆုံး ဝင်ရောက်သည့်အတွက် သယ်ယူခနှုန်းထားများ မြင့်တက်လာခြင်းတို့ကြောင့် ယခင်နှစ်ဈေးဖြင့်နှိုင်းယှဉ်လျှင် ယခုနှစ်ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ် ကြောင်း သိရှိရသည်။
ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် ၃၉၀ဝ ဈေးရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ-၅၅၀ဝ ဈေးရသည့် ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူ(ကြူကုတ်) မှာ တရုတ်မှ အဝင်နည်းလာခြင်း၊ ရှမ်းစများမှာလည်း တောင်ကြီးမှ အဝင်ပါးနေခြင်းဖြစ်ပြီး ဒေသတွင်း ဝယ်လိုအား ကောင်းနေသည့်အတွက် ဈေးကောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ ဈေးရှိခဲ့ပြီး ယခုနှစ် တွင် တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀-၁၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်နှင့် ဈေး နှုန်းနှိုင်းယှဉ်ကြည့်လျှင် ကွာဟနေရခြင်းမှာ ယခုနှစ်တွင် အချို့တောင်သူများအနေဖြင့် အရင်းအနှီး များ သောကြောင့် ဆက်လက်မစိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် သယ်ယူစရိတ် မြင့်မားလာခြင်းနှင့် ရာသီဥတု ဒဏ်ကြောင့် အထွက်နှုန်း နည်းခြင်းများကြောင့်ဖြစ်ကြောင်း သိရှိသည်။                    

ဆုမွန်ဆွေ (ပြည်)