Main menu

Background

မကွေးဒေသထွက် ပျားရည်များ နှစ်စဉ် တန်ချိန် ၂၀ဝခန့် ပြည်ပ တင်ပို့နေရ

Mon, 02/05/2024 - 11:41 -- journal_editor

မကွေးတိုင်းဒေသကြီးမှ ပျားရည်တန်ချိန် ၃၀ဝ ခန့်  နှစ်စဉ်ထွက်ရှိပြီး   တန်ချိန် ၂၀ဝ ခန့်ကို ပြည်ပသို့   တင်ပို့နေရကြောင်း    ပျားမွေးမြူရေး တောင်သူများထံမှ သိရသည်။  ဒေသထွက် ပျား ရည် အမျိုးအစားများမှာ ဇီးပျားရည်၊ နေကြာပျား ရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်တို့ဖြစ် ပြီး ပြည်တွင်းတွင်တော့ နှစ်စဉ် ပျားရည် တန်ချိန် ၁၀ဝ ခန့် စားသုံးလျက်ရှိကြောင်း သိရသည်။ “ပျားရည်ထုတ်လုပ်တဲ့အခါမှာ ပျားအုံတွေ မှာ ပျားပြည့်မပြည့်၊ ပျားရည်ထုတ်လုပ်မှု  အချိန် ရောက်မရောက်၊ ရင့်မှည့်မှု ရှိ၊ မရှိ  ပျားမွေးမြူတဲ့ ပညာရှင်ကနေ စစ်ဆေးပါတယ်။ ပြီးရင် ပျားသ လက်ချပ်တွေ ထုတ်ယူပြီးတော့ ပျားရည်ဘို့ပေါ် မှာပိတ်နေတဲ့ ဖယောင်းတွေကို ပါးလွှာအောင် လှီး ခွာပြီးတော့ အပေါက်ဖွင့်ပေးပါတယ်။    ပြီးရင် ပျားရည်ထုတ်တဲ့စက်ထဲ  ပျားသလက်ချပ်များကို ထည့်လိုက်ပြီးတော့ သန့်ရှင်းတဲ့ပျားရည်ကို ထုတ် ယူပါတယ်။  ပျားရည် ထုတ်တာကိုလည်း ပြည်သူ တွေကို သင်တန်းတွေပေးနေပါတယ်။ ဒီထက်ပိုပြီး အရည်အသွေးပြည့်ဝတဲ့  ပျားရည်တွေ ထုတ်နိုင်ဖို့ ကိုလည်း ပညာပေးဆောင်ရွက်လျက်ရှိနေပါတယ်” ဟု ပျားမွေးမြူရေး တောင်သူတစ်ဦးက ဇန်နဝါရီ ၂၅ ရက်တွင် ပြောသည်။ အရည်အသွေးပြည့်ဝသည့်    ပျားရည်များ ထွက်ရှိ၍တန်ချိန် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ပျား မွေးမြူရေး တောင်သူများကို သက်ဆိုင်ရာ ဌာနမှ လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိသည့်အပြင် ကောင်းမွန်သော  ပျားမွေးမြူရေးကျင့်စဉ်များဖြင့် မွေးမြူနိုင်ရန်အတွက်     ပျားမွေးမြူရေးဆိုင်ရာ သင်တန်းပေးခြင်းတို့ကို     ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါ    မကွေးတိုင်းဒေသကြီးအတွင်း၌ မြို့နယ် ပျားစခန်းခြောက်ခုနှင့် ပုဂ္ဂလိကပျားမွေးမြူ သူ ၇၈ ဦးရှိပြီး ပျားအုံပေါင်း ၁၃၀ဝ၀ ကျော်ရှိကာ နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်နှင့် ဇီး ပျားရည်က ၆၀ ရာခိုင်နှုန်း၊ နေကြာပျားရည်က ၃၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်က ၁၀ ရာခိုင်နှုန်း ထွက်ရှိပြီး ပြည်ပတင်ပို့မှုအနေဖြင့်   နေကြာပျား ရည်က ဈေးနှုန်းအများဆုံးရရှိကြောင်း သိရသည်။ပြည်ပတင်ပို့မှုအနေဖြင့် ဂျပန်၊ တရုတ်၊ကိုရီး ယားနှင့် ထိုင်းနိုင်ငံတို့သို့  အဓိက  တင်ပို့လျက်ရှိ ကြောင်း ပျားမွေးမြူရေးတောင်သူများထံမှ   သိရ သည်။                          

 

ပန်းဆု