Main menu

Background

မြန်မာ့မျှစ်ခြောက် ပြည်ပအဝယ်ကမ်းလှမ်းမှု ပိုများလာ

Mon, 02/05/2024 - 11:43 -- journal_editor

မြန်မာနိုင်ငံကထွက်ရှိသည့်    မျှစ်ခြောက် ထပ်တိုးတန်ဖိုးမြှင့်ထုတ်ကုန် (ဠေူကန ဗိနိ ဏမသ-ိကခအျ)များကိုပြည်ပနိုင်ငံအချို့က ဝယ်ယူရန် ကမ်း လှမ်းမှု   ပိုမိုများပြားလာကြောင်း   မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊   မျှစ်လုပ်ငန်းအစုအဖွဲ့မှ သိရသည်။
လက်ရှိတွင်    မြန်မာ့မျှစ်ခြောက်ကို   ဂျပန် နိုင်ငံက အများဆုံးဝယ်ယူနေခြင်းဖြစ်ပြီး  တရုတ်၊ ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း မှာယူ လျက်ရှိကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ   ဦးကျော် ဝင်းက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောသည်။
“ဂျပန်ကိုတော့ ဦးစားပေးစနစ်နဲ့အများဆုံး တင်ပို့ရတယ်။ ဂျပန်က  မျှစ်ခြောက် တန်ချိန် ၂၀ဝ လောက် ဝယ်ယူလိုပေမယ့် တန်ချိန် ၂၀ လောက်ပဲ တင်ပို့နိုင်ဖို့ ခန့်မှန်းထားပါတယ်။ သဘာဝ မျှစ်အစို က ပေါ်ချိန်တုန်းက ဝယ်ယူစုဆောင်းတာမှာအခက် အခဲတွေရှိတယ်။ ပြီးတော့ ကုန်ကြမ်းရရှိတာ နည်း ပါးလာသည့်အတွက်လည်း  ပြည်ပဝယ်လက် နိုင်ငံ တွေရဲ့ကမ်းလှမ်းချက်အတိုင်း ပြည့်မီဖို့  လိုအပ်နေ သေးတယ်”ဟု ၎င်းက ပြောသည်။
ပြည်တွင်း ၌ မျှစ်ကို မိရိုးဖလာနည်းအတိုင်း ချိုးလေ့ရှိပြီး  သဘာဝအလျောက် ပေါက်ရောက် သည့် ဝါးတောများတွင် ဦးသူစနစ်ဖြင့် ချိုးယူကြ ခြင်းဖြစ်ကြောင်း သိရသည်။
မျှစ်စိုက်ပျိုးမှုကို   ပြည်တွင်း၌ နည်းပညာ စိုက်ခင်းအဆင့်အနေဖြင့်   မဆောင်ရွက်နိုင်သေး သည့်အတွက် လက်ရှိတွင်  ပြန်လည်ထိန်းသိမ်းမှု အပိုင်း  အားနည်းလာခြင်းကြောင့်  တစ်နှစ်ထက် တစ်နှစ်   မျှစ်ရရှိမှုနှုန်းနည်းပါးလာကြောင်း သိရ သည်။ ယင်းအပြင်  လုပ်ငန်းရှင်က စိုက်ပျိုးထား သည့် ဝါးစိုက်ခင်းတစ်ခုတည်းတွင် မျှစ်ကို  ထုတ် ယူမည်ဆိုပါကလည်း    လိုအပ်သည့်   ကုန်ကြမ်း ပမာဏ ပြည့်မီရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်း ရကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့မျှစ်ခြောက် လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ဝါးတောများ ထိန်းသိမ်း ရန် လိုအပ်ပြီး နိုင်ငံတော်အစိုးရသက်ဆိုင်ရာ ဌာန တာဝန်ရှိသူများအပြင်  လုပ်ငန်းရှင်၊   ပြည်သူနှင့် ပညာရှင်များလည်း     ပူးပေါင်းကူညီပေးစေလို ကြောင်း ဦးကျော်ဝင်းက ပြောသည်။
အဆိုပါ မျှစ်ခြောက် ပြုလုပ်ရန်အတွက် မျှစ် အစိုကို နှစ်စဉ် ဇူလိုင်လမှနေ၍  စက်တင်ဘာလ အထိ စုဆောင်းရခြင်းဖြစ်ပြီး နိုဝင်ဘာမှ မတ်ကုန် အထိ အခြောက်ခံကာ ပြည်ပသို့  တင်ပို့ရောင်းချ ခြင်းဖြစ်ကြောင်း သိရသည်။                     

 

ပန်းဆု