Main menu

Background

ပြည်တွင်းဈေးကွက်

Sat, 03/06/2010 - 06:00 -- Anonymous (not verified)

တစ်ပတ်အတွင်း ဈေးနှုန်းတွေက ကျောက်ဆည်ဒေသမှာ  ရောင်းတန်းဝင် Export  အသီးကတော့ ကျပ် ၁၂ဝဝ-၂ဝဝဝ ကြားရှိပြီး၊ ဒေသတွင်း စားသုံးတဲ့အသီးများက ကျပ် ၈ဝဝ-၁ဝဝဝ ကြား ရှိပါတယ်၊ တပ်ကုန်းမှာတော့ ရောင်းတန်းဝင်က ကျပ် ၈ဝဝ ရှိပြီး ပယ်သီးကတော့ ၃ဝဝလောက်ပဲရှိပါတယ်၊ တစ်ပတ်အတွင်း မူဆယ် သစ်သီး ဝလံ ကုန်စည်ဒိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေရဲ့အခြေအနေကို ဖော်ပြလိုက်ပါတယ်-     ယခုတစ်ပတ် မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ကို ဒေသအသီး သီးကဝင်ရောက်လာတဲ့ အခြေအနေကို လေ့လာ ကြည့်မယ်ဆိုရင် အစေ့မဲ့ဖရဲသီးကို တံတားဦးမှ တန် ၁၃ဝဝ၊ မိတ္တီလာမှ ၂၁ဝ၇တန်၊ ကျောက်ဆည်မှ တန် ၂၃ဝ၊ မြစ်သားမှ ၅၄၂ တန်၊ ကူမဲမှ ၁၂၆တန်၊ ပြွန်တန်ဆာမှ ၇၉တန် စုစုပေါင်း  ၄၃၈၄တန် ဝင်ရောက်လာပြီး ဖရဲအကြားသီး ဝင်ရောက်မှုအနေနှင့် ရန်ကုန်(ခရမ်း)မှ ၁၉၈၃ တန်၊ မင်းလှမှ ၁၆၈၈ တန်၊ မန္တလေးမှ ၃၈၃တန်၊ စုစုပေါင်း ၄ဝ၅၄တန် ဝင်ရောက်လာပါတယ်၊ ဖရဲအဖြူသီးကို တံတားဦးမှ ၁၇၁၄ တန်၊ မန္တလေးမှ ၁၁၄၇ တန်၊  တပ်ကုန်းမှ ၂၅၆၈ တန် ကျောက်ဆည်မှ တန် ၁၅ဝ၊ ပုသိမ်မှ ၇၈တန်၊ ဘုတလင်မှ ၆၁တန် စုစုပေါင်း ၅၇၁၈ တန် အသီးသီးဝင်ရောက်လာကြောင်း တွေ့ရပါတယ်။