Main menu

Background

ပြည်တွင်းဈေးလည်း သိပ်မပြောင်း

Thu, 03/11/2010 - 03:49 -- Anonymous (not verified)

     ဒီအပတ်အတွင်း  ပြည်တွင်းစက်သုံးဆီ  အရောင်းအဝယ်အနေနဲ့ ဈေး အပြောင်းအလဲသိပ်မများခဲ့တာကို တွေ့ရပါတယ်။ ဓာတ်ဆီ MPPE ဆိုင်ဈေး တစ်ဂါလန် FEC  ၃ ကနေ ၃ ဒသမ ၁ အကြားနဲ့ရောင်းဝယ်လျက်ရှိပြီး တစ်ပီပါဈေးကတော့ တစ်သိန်းခြောက်သောင်းငါးထောင်ကနေ တစ်သိန်း ခြောက်သောင်း ခုနစ်ထောင်အကြား ရောင်းဝယ်ကြကြောင်း သိရပါတယ်။ ဒီဇယ်ကတော့ MPPE မှာ တစ်ဂါလန်ကို  FEC ၃ ကနေ ၃ ဒသမ ၁ အကြား ဓာတ်ဆီနဲ့ ဈေးအတူတူပဲ ရောင်းချ လျက်ရှိပြီး ပီပါဈေးကတော့ တစ်သိန်းတစ်သောင်းငါးထောင်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ပါတယ်။ လက်လီဆိုင်ခွဲလေး တွေရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်-ဖေ/မတ်    ဓာတ်ဆီ (ကျပ်)         ဒီဇယ်(ကျပ်)  ရက်      ရန်ကုန်   မန္တလေး    ရန်ကုန်    မန္တလေး  ၂၅        ၃၃ဝဝ    ၃၄ဝဝ        ၃၂ဝဝ    ၃၃ဝဝ      ၂၆        ၃၄ဝဝ    ၃၄ဝဝ        ၃၂ဝဝ    ၃၄ဝဝ   ၁        ၃၄ဝဝ    ၃၅ဝဝ        ၃၂ဝဝ    ၃၃ဝဝ   ၃        ၃၄ဝဝ    ၃၅ဝဝ        ၃၂ဝဝ    ၃၄ဝဝ   ၄        ၃၄ဝဝ    ၃၅ဝဝ        ၃၂ဝဝ    ၃၄ဝဝ