Main menu

Background

ပြည်တွင်းဒီဇယ်ဆီလက်လီဈေးနှုန်းများ ပြန်လည်ကျဆင်းလာ

Wed, 02/03/2010 - 06:56 -- Anonymous (not verified)

    ၂ဝ၁ဝ ခုနှစ် နှစ်စက မြင့်တက်ခဲ့တဲ့ ဒီဇယ်ဈေးနှုန်းများမှာ ယခုအခါတွင် ပြန်လည်ကျဆင်း လာတယ်လို့ ဒီဇယ်ရောင်းဝယ်သူများထံက စုံစမ်းသိရပါတယ်။    ''ကမ္ဘာ့ရေနံဈေးတွေ ပြန်ကျလာတဲ့အတွက် ပြည်တွင်းဒီဇယ်ဈေးတွေလည်းပြန်ကျလာတယ်။ ကမ္ဘာ့ရေနံဈေးက တစ်စည်ကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ဝ၅ ရှိပေမယ့် ၂၈ ရက်နေ့မှာ ၇၂ ဒေါ်လာအထိကို ကျဆင်းခဲ့ပါတယ်။ ဒီဇယ်လုပ်ငန်းလုပ်ကိုင်သူတွေ က ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဒီဇယ်ဈေးတွေကျဆင်းမယ်လို့ ခန့်မှန်းထားပေမဲ့ မထင် မှတ်ဘဲ ဒီဇယ်က ၂ဝဝ၉ ခုနှစ် အမြင့်ဆုံးဈေးကို တက်သွားခဲ့တယ်။ ဒီနောက်ပိုင်း တဖြည်းဖြည်း ပြန်ကျလာတာ။ ခုလိုဒီဇယ်ဈေးက အတက်အကျပြောင်းလဲမှုတွေ များနေတဲ့အတွက် ဈေးကွက် ခန့်မှန်းရတာ ခက်နေတယ်။ ဒီဇယ်ဈေးဆက်ကျမယ်လို့ ထင်ပေမယ့် တိတိကျကျတော့ မပြောရဲ သေးဘူး၊ စောင့်ကြည့်ရအုံးမယ်'' လို့ ဒီဇယ်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။    ပြည်တွင်းဒီဇယ်ဆီတစ်ပေပါရဲ့ လက်လီဈေးနှုန်းများမှာ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် ၁၇ဝဝဝဝ ကျပ်၊ ၁၄ ရက်နေ့တွင် ၁၆၅ဝဝဝ ကျပ်၊ ၁၆ ရက်နေ့တွင် ၁၆၁ဝဝဝ ကျပ်နဲ့ ၂၅ ရက်နေ့တွင် တွဲဈေး ၁၄၉ဝဝဝ ကျပ်၊ လက်လီဈေး ၁၅၁ဝဝဝ ကျပ်အထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။  မင်းသန့်