Main menu

Background

လွိုင်ကော်စပါးဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း / ဆန်ဈေးနှုန်းတည်ငြိမ်နေ

Thu, 10/08/2020 - 12:13 -- journal_editor

လွိုင်ကော်မြို့တွင် စပါးဈေးနှုန်းမှာ စက်တင်ဘာလတတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ကျပ် ၈၀၅၀၀၀ ဖြစ်ပြီး နောက်ဆုံးပတ်တွင် ဧည့်မထ ၄၆ ပေါင် တင်း ၁၀၀ လျှင် ကျပ် ၇၆၆၀၀၀ ဖြစ်သဖြင့် ၃၉၀၀၀  ကျော် လောက် ကျဆင်းလာပြီး ပြည်နယ်အတွင်း အရောင်းအဝယ်အေးနေကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။ ရွှေရင်အေး(၂)ဆန်ဈေးနှုန်းမှာ စက်တင်ဘာလမှ ယခုတစ်ပတ်ထိ တစ်အိတ်လျှင် ကျပ် ၃၇၀၀၀၊ တစ်ပြည်လျှင်ကျပ် ၁၇၀၀ ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ 

အေးအေးမော် (ကယား)