မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်သည် စပါးကို အများဆုံး စိုက်ပျိုးကြပြီး တစ်နှစ်လျှင် နွေစပါးစိုက်ဧက လေးသောင်းကျော်၊ မိုးစပါးစိုက်ဧက လေးသောင်းကျော် စုစုပေါင်း တစ်နှစ်ပျမ်းမျှစပါးစိုက် ဧက ကိုးသောင်းကျော် စိုက်ပျိုးထွက်ရှိသည်။ယခုနှစ်တွင် နွေစပါး ၄၆၇၇၇ ဧက စိုက်ပျိုးခဲ့ပြီး သြဂုတ် ၁၅ ရက်အထိ နွေစပါး ၄၆၄၈၇ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဌာန စာရင်းများအရ သိရှိရ သည်။ နွေစပါးမျိုးကွဲများအနေဖြင့် ရက် ၁၁၀၊ ရက် ၉၀၊ ရွှေသွယ်ရင်၊ မနောသုခ စပါးမျိုးများကို စိုက်ပျိုးခဲ့ကြသည်။ ယခုနှစ်တွင် မိုးစပါး ၅၅၁၆၇ ဧက လျာထားခဲ့ပြီး ၂၈၈၂၄ ဧက စိုက်ပျိုးထားနိုင်ခဲ့ကြောင်း သိရှိရသည်။ ဆန်စပါး ဈေးကွက်အနေဖြင့် ဧရာမင်း (မဂျမ်းတော) စပါးဆန်ဈေးကွက်ကတော့ အမြင့်ဆုံးမှာ ရောက်ရှိနေပြီး မဂျမ်းတောစပါး (အဟောင်း) ၄၆ ပေါင်ကိုက် တင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊ မဂျမ်းတောဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀ နှင့် မနောသုခစပါး (အဟောင်း) ၄၆ ပေါင်ကိုက် တင်း ၁၀ဝ လျှင် ကျပ် ၁၂၀ဝ၀ဝ၀၊ မနောသုခဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၇၀ဝ၀ဖြင့်လည်းကောင်း၊ နွေစပါး(အသစ်) ဈေးကွက်အနေဖြင့် ရက် ၁၁၀၊ ရက် ၉၀ စပါး ထွက်ပေါ်စ ကျပ် ၈၅၀ဝ၀ဝ မှ ယခု ကျပ် ၁၀၅၀ဝ၀ဝ၊ ရက် ၁၁၀၊ ရက် ၉၀ ဆန် ထွက်ပေါ်စ ကျပ် ၃၁၀ဝ၀ မှ ၃၅၀ဝ၀ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ နွေစပါးရာသီမှာ ဈေးကွက်ဝယ်လိုအား ကောင်းသောကြောင့် အရောင်းအဝယ် သွက်လျက်ရှိပြီး မန္တလေးပွဲရုံ၊ ကုန်သည်ဈေးကွက်သို့သာ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း စက်ပိုင်၊ ကုန်သည်ပွဲစား များထံမှ သိရှိရသည်။
Background