Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Wed, 09/28/2022 - 14:03 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ  မြို့နယ်များ၌ စက်တင်ဘာလ ‌တတိယ ပတ်တွင် စပါး ၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၁၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၂၄၀ဝ၊  နေပြည်တော်သို့ အိတ်ရေ ၁၄၀ဝ၀၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ပခုက္ကူသို့အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၂၈၄၀ဝ၊ တန်အားဖြင့် ၆၄၂၀တန် စီးထွက်ခဲ့သည်။
ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး များသို့  ဆန်စီးထွက်မှုမှာ  ရန်ကုန်သို့ အိတ်ရေ ၄၉၉၀ဝ၊ မန္တလေးသို့ အိတ်ရေ ၄၃၅၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)သို့   အိတ် ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၂၅၄၀ဝ၊ တန်အားဖြင့် ၆၂၇၀ တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့်နှိုင်း ယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၃၀ဝ၀၊ တန်အားဖြင့် ၁၅၀ တန်လျော့၍ စီးထွက်ခဲ့သည်။
ရွှေဘိုမြို့၏ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ် နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ်၂၃၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀ဝ၀၊ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ်၁၄၀ဝ၀ဝ၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၆၅၀ဝ၀၊ ၂၀၂၁- ၂၀၂၂ ခုနှစ်ထွက် နွေစပါး ရွှေဝါ ထွန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁၀ဝ၀ဝ၀၊ ‌ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

အေးသိင်္ဂီစိုး(ရွှေဘို)