ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်တွင် မိုးစပါး အများဆုံး စိုက်ပျိုးပြီး စိုက်ဧကမှာ ၇၄၆၄၂ဧက၊ ရွှေတောင်မြို့နယ်တွင် ဒုတိယ အများဆုံးစိုက်ပျိုးပြီး စိုက်ဧကမှာ ၅၈၁၅၆ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၁ ဧက စိုက်ပျိုးပြီး ပြည်ခရိုင် အနေဖြင့် စုစုပေါင်း ၂၂၆၄၈၆ဧက စိုက်ပျိုးသည်။ မိုးစပါးအသစ်များမှာ သဲကုန်း၊ ပေါင်းတည်၊ ပြည်မြို့နယ်များမှာ စတင်ထွက်ပေါ်နေပြီး သဲကုန်းမြို့နယ်တွင် ယခင်စပါးဈေးမှာ ၄၆ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၂၀ဝ၀ဝ၊ ပေါက်ခေါင်းမြို့နယ်တွင် ကျပ် ၉၀ဝ၀ဝ၀၊ ပြည်မြို့နယ်တွင် ကျပ် ၁၀ဝ၀ဝ၀ဝ ဈေးဖြင့် ဝယ်ယူရောင်းချနေပြီး ဆန် သစ်တစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀ ဖြင့် အရောင်းအဝယ် ရှိနေသည်။ စိုက်ပျိုးသည့် မျိုးများမှာ ယခုပေါ်သောစပါးမျိုးသည် ဧည့်မထအုပ်စုစပါး များဖြစ်သည်။
လွင်လွင်ဆန်း(ပြည်)
Background