Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Wed, 10/12/2022 - 11:27 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးသည်အောက်တိုဘာလပထမပတ်၌ရွှေဘိုခရိုင်တွင်ဧရာမင်းစပါးဈေးအနည်းငယ်တက်နေပြီးကျန်ခရိုင်များတွင်စပါး၊ဆန်ဈေးနှုန်းများမှာဈေးအေးနေကြောင်းသိရသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တို ဘာလ ပထမပတ်တွင်ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင်ရွှေဘိုပေါ်ဆန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ဧရာမင်း(ဆန်)၂၄ ပြည်ပါတစ်အိတ်ကျပ် ၆၅၀ဝ၀၊ရေဦးမြို့မှ ပေါ်ဆန်း (စပါး)တင်း၁၀ဝလျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်)တစ်အိတ်လျှင် ကျပ်၈၀ဝ၀ဝ၊ ဧရာမင်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်ကျပ် ၅၈၀ဝ၀ တို့ဖြင့်  အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။ကလေးခရိုင်ကလေးမြို့နယ်မှ ဧည့်မထ (စပါး) တင်း ၁၀ဝ လျှင် ၁၀၅၀ဝ၀ဝ၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀ဝ၀၊ ငစိန်(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၉၅၀ဝ၀ဝ ၊ ငစိန်(ဆန်) ၂၄ ပြည်ပါ တစ်အိတ်ကျပ် ၄၀ဝ၀ဝ၊ ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၅၅၀ဝ၀ ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။ကသာ ခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ မှော်ဘီ (၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀ဝ လျှင် ကျပ် ၉၀ဝ၀ဝ၀၊ ဆင်း ဧကရီ-၃ ဆန် ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၄၃၀ဝ၀၊ ဧရာမင်း (စပါး) တင်း၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန် တစ်အိတ် လျှင် ကျပ် ၆၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း  ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊  ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်ကျပ် ၆၃၀ဝ၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၈၀ဝ၀၊ မနောသုခ (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၂၀ဝ၀ဝ၀၊ မနောသုခ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊  ဧရာမင်း (ဆန်)၂၄ ပြည် တစ်အိတ် ကျပ် ၅၉၀ဝ၀၊ ပေါ် ဆန်း (စပါး)တင်း ၁၀ဝ လျှင်ကျပ် ၂၂၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ နွေ(စပါး) တင်း ၁၀ဝလျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ နွေ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၉၉၀ဝ၊  မန္တလေးသို့ အိတ်ရေ ၅၀ဝ၀ဝ၊မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည်တော်သို့   အိတ် ရေ ၁၂၀ဝ၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀ဝ၊ စုစုပေါင်း အိတ်ရေ ၁၃၁၉၀ဝ အိတ်၊ တန်အားဖြင့် ၆၅၉၅ စီး  ထွက်ခဲ့ပြီး  ယခု အောက်တိုဘာလ  ပထမပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြား တိုင်း ဒေသကြီးများသို့  ဆန်စီး ထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၂၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၅၆၄၀ဝ၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၁၀ဝ၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ စုစု ပေါင်း အိတ်ရေ ၁၃၂၄၀ဝ အိတ်၊ တန် အားဖြင့် ၆၆၂၀ စီးထွက်ခဲ့သည့်အတွက် ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အိတ်ရေ ၅၀ဝ၊ တန်အားဖြင့် ၂၅ တန် ပိုမိုစီးထွက်ခဲ့ ကြောင်း သိရသည်။    
တင်မာဝေ(မုံရွာ)