ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

ရွှေဘိုခရိုင်အတွင်းရှိ  မြို့နယ်များ၌ ဖေ‌ဖော်ဝါရီ လ ‌ပထမပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၉၀ဝ၀၊  မန္တလေးသို့ အိတ်ရေ ၅၂၅၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၂၆၅၀ဝ၊ တန်အားဖြင့် ၆၃၂၅ တန် စီးထွက်ခဲ့သည်။

ယခုပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၅၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၄၇၄၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၁၀ဝ၀ဝ၊  ရှမ်းပြည် နယ်(မြောက်ပိုင်း)သို့  အိတ်ရေ ၁၀ဝ၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၁၄၄၀ဝ၊ တန်အားဖြင့် ၅၇၂၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၁၂၁၀ဝ၊ တန်အားဖြင့် ၆၀၅ တန်လျော့၍စီးထွက်ခဲ့သည်။

ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ်၂၆၀ဝ၀ဝ၀၊ ရွှေဘို ပေါ်ဆန်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀ဝ၀ဝ၊ ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀ဝ၀ဝ၊ ဧရာမင်းစပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ဧရာမင်းဆန် (သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

အေးသိင်္ဂီစိုး(ရွှေဘို)