မိုးညှင်းခရိုင်အတွင်း စပါး၊ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ဖေဖော်ဝါရီလ ဒုတိယပတ်တွင် မိုးစပါး၊ ဆန်သစ်များသာ အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ထက် စပါး၊ ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

မိုးညှင်းခရိုင်မှ အခြားတိုင်းဒေသကြီးသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ ပထမပတ်တွင် မန္တလေးသို့ အိတ်ရေ ၆၀ဝ၀၊ တန်အားဖြင့် ၂၉၅ တန် စီးထွက်ခဲ့ပြီး ယခုတစ်ပတ်တွင် မန္တလေးသို့ အိတ်ရေ ၅၃၀ဝ၊ တန်အားဖြင့် ၂၆၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၇၀ဝ၊ တန်အားဖြင့် ၃၅ တန်လျော့၍ စီးထွက်ခဲ့သည်။

မိုးညှင်းခရိုင်၏ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ ဆင်း(၃)စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်း၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ ငွေတိုးစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၆၅၀ဝ၀ဝ၊  ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ဒုတိယပတ် ဆန်၊ စပါး ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်မှုရှိပြီး ပထမပတ် ဈေးနှုန်းထက် စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ-၁၆၀ဝ၀ဝ ဝန်းကျင်နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၃၀ဝ၀၊ ၅၀ဝ၀ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စပါး၊ ဆန်ကုန်သည်များထံမှ သိရသည်။

ကိုကိုစိုး (ကချင်)