စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများ
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ ဆန်ဈေး အနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရသည်။ စပါး/ဆန် ဈေးနှုန်းတက်ရခြင်းမှာ စပါး၊ ဆန် (အဟောင်း)များ လက်ကျန်မရှိသလောက် နည်းပါးလာခြင်း၊ စပါးထွက်ပေါ်ပြီး ယခုအချိန်သည် သိုလှောင်ထားရန် ရည် ရွယ်သူများက ဝယ်ယူသည့်အချိန်ဖြစ်ခြင်းကြောင့် စပါး/ဆန် ဈေးနှုန်းများ တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် သိန်း ၂၀၊ ဧရာမင်း (ဆန်) (သစ်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၀ဝ၀ဝ၊ ရေဦးမြို့မှ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၈၅၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်)(သစ်)တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၅၆၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၅၀ဝ၀၊ ငစိန်(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၀ သိန်း၊ ငစိန်(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၀ဝ၀ဝ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၅၅၀ဝ၀ တို့ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၀ သိန်း ၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၀သိန်း၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၄၅၀ဝ၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၈၀ဝ၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၂၀ဝ၀၊ မနော သုခ(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။
ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်း၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၆၃၀ဝ၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် သိန်း ၂၀ ၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
တင်မာဝေ(မုံရွာ)
