Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စီးထွက်မှုနှင့် စပါး/ဆန်ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 05/22/2023 - 15:44 -- journal_editor

ဧရာဝတီတိုင်း‌ဒေသကြီးသည် စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ ဆန်များ နှစ်စဉ်  တင်ပို့ရောင်းချလျက်ရှိသည့်အပြင် စီးပွားရေးမြို့တော်  ရန်ကုန်မြို့နှင့် နီးကပ်စွာတည်ရှိနေပြီး ဆန်လိုသည့် အခြားတိုင်းဒေသကြီးများသို့ လစဉ် တင်ပို့ ရောင်းချလျက်ရှိသည်။
တိုင်းဒေသကြီးအတွင်း ဆန်စီးထွက်မှုမှာ မတ်လတွင် ရန်ကုန်မြို့သို့ အိတ်ရေ ၁၃၇၇၇၅၆  နှင့် တနင်္သာရီသို့ အိတ်ရေ  ၁၆၀ဝ၀  စုစုပေါင်း အိတ်ရေ  ၁၃၉၃၇၅၆ တင်ပို့ခဲ့ပြီး ဧပြီလတွင် ရန်ကုန်မြို့သို့ အိတ်ရေ  ၉၇၆၇၂၈ နှင့် တနင်္သာရီသို့ အိတ် ရေ  ၂၀၅၅၀  စုစုပေါင်းအိတ်ရေ  ၉၉၇၂၇၈  တင်ပို့နိုင်ပြီး သင်္ကြန်ကာလ ပိတ်ရက် များသည့်အတွက် ယခင်လနှင့်နှိုင်းယှဉ်ပါက  ၃၉၆၄၇၈  လျော့၍ စီးထွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်စပါး၊ ဆန်ဈေးကွက်အနေဖြင့် မေလဒုတိယပတ် ပေါ်ဆန်းစပါးတင်း ၁၀ဝ ကျပ်သိန်း ၂၀ ဝန်းကျင်၊ ဆန်တစ်အိတ် ကျပ်  ၈၅၀ဝ၀ မှ ၈၇၀ဝ၀  ဈေးခန့်၊ ဧည့်မထအုပ်စုဝင်  ဈေးတန်းမြင့်သော ရွှေသွယ်စပါး တင်း  ၁၀ဝ ကျပ်  ၁၉ သိန်း ဝန်းကျင်၊ ဆန်တစ်အိတ်လျှင် ကျပ်  ၇၅၀ဝ၀-၇၈၀ဝ၀ ဝန်းကျင်နှင့်လူအများ စားသုံးမှုရှိသော နွေသီးထပ်ရင်စပါး တင်း  ၁၀ဝ  ကျပ် ၁၅ သိန်းခွဲ ၁၆ သိန်းဝန်းကျင်၊ ဆန် တစ်အိတ်လျှင် ကျပ်  ၅၉၀ဝ၀-၆၀ဝ၀ဝ ဈေးဖြင့် လက်ရှိမှာ ပုံမှန် အရောင်းအဝယ် ဖြစ်နေကြောင်း စပါး၊  ဆန်ဈေးကွက်သတင်းမှ သိရသည်။
ဧရာမြေ(ပုသိမ်)