စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များတွင် ကသာခရိုင်၌ ဈေးအေးနေပြီး ကျန်ခရိုင်များတွင် ဈေးတက်နေကြောင်း၊ ဝယ်လိုအား များပြီး တောင်သူလက်ကျန် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းမြင့် တက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင် ရွှေဘို မြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၉၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ်၂၅၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ၊ နွေစပါး(ရွှေဝါထွန်း)စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၅၅၀ဝ၀ဝ၊ နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ် အိတ်လျှင် ကျပ် ၆၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ရေဦးခရိုင် ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၉၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၅၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၁၀ဝ၀ဝ၀၊ နွေစပါး(ရွှေဝါထွန်း) စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅၅၀ဝ၀ဝ၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀ဝ၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀ဝ၀၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ၁၈၀ဝ၀ဝ၀၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၀ဝ၀ဝ၊ ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀ဝ၀ဝ၊ နွေစပါး (ဒေသမျိုး)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၈၇၀ဝ၀ဝ၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၀ဝ၀ဝ တို့ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀ဝ လျှင် ကျပ်၁၉၀ဝ၀ဝ၀၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ဆင်းဧကရီ(၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၆၅၀ဝ၀ဝ၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၇၂၀ဝ၀၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ နွေစပါး (ဆင်း-၃)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၅၀ဝ၀တို့ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၅၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၉၇၀ဝ၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၉၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၀ဝ၀ဝ၀၊ မနောသုခ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၆၀ဝ၀ တို့ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၄၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)၂၄ ပြည် တစ်အိတ်မှာ ကျပ် ၉၅၅၀ဝ၊ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၉၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၇၀ဝ၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ရွှေဝါထွန်း (ဆန်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၅၈၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ဇူလိုင်လ ပထမပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ ၁၄၅၀ဝ၊ မန္တလေးသို့ အိတ်ရေ ၂၁၈၇၀၊ မကွေးသို့ အိတ်ရေ ၃၀၊ နေပြည်တော် သို့ အိတ်ရေ ၆၀ဝ၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၀ဝ၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀ဝ၀၊ ကချင်သို့ အိတ်ရေ ၅၀ဝ၊ စုစုပေါင်း အိတ်ရေ ၅၀၉၀ဝ အိတ်၊ တန်အားဖြင့် ၂၅၄၅ စီးထွက်ခဲ့ပြီး၊ ဇူလိုင်လ ဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၅၀ဝ၊ မန္တလေး သို့ အိတ်ရေ ၂၉၉၀ဝ၊ မကွေး သို့ အိတ်ရေ ၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၇၀ဝ၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၅၀ဝ၊ ရှမ်း(မြောက်)သို့အိတ်ရေ ၄၅၀ဝ၊ ကချင်သို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း အိတ်ရေ ၆၄၀ဝ၀ အိတ်၊ တန်အားဖြင့် ၃၂၀ဝ စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အိတ်ရေ ၁၃၁၀ဝ တန်အားဖြင့် ၆၅၅ တန် ပိုမိုစီးထွက်ခဲ့ကြောင်း သိရှိရသည်။
တင်မာဝေ(မုံရွာ)
