Main menu

Background

အထက်မင်းလှမြို့နယ်တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Mon, 01/01/2024 - 11:26 -- journal_editor

မကွေးတိုင်းဒေသကြီး  သရက်ခရိုင် အထက်မင်းလှမြို့သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာ အခြားတိုင်းဒေသကြီးများမှ ဝယ်ယူတင်သွင်းရသောမြို့ဖြစ်သည်။ မင်းလှမြို့သို့  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ ရေဦးမြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သတမြို့တို့မှ ဆန်အိတ်များ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
 ဒီဇင်ဘာလ စတုတ္ထပတ်တွင် အထက်မင်းလှမြို့၌ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိသည်။ စားသုံးမှုများသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန်ရွှေပိုးအိမ် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ စိန်ရတီ(စိမ်း) ၂၄ ပြည်တစ်အိတ် လျှင် ကျပ် ၁၅၀ဝ၀ဝ၊ စိန်ရတီ(နီ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၁၈၀ဝ၀၊ စိန်ရတနာဧရာ ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ စိန်ပုလဲဧရာ ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ကုန်းဇောင်း(အလွတ်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၄၃၀ဝ၀၊ မနောသုခ ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၄၅၀ဝ၊ ပေါ်ဆန်း(ရွှေဘို) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝ၊ ပေါ်ဆန်း(ဖျာပုံ)၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ယခင် ဒီဇင်ဘာလ တတိယပတ်ထက် ဆန်တစ်အိတ်လျှင် ကျပ်  ၁၅၀ဝ ဝန်းကျင် ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း အထက်မင်းလှမြို့၊ အမှတ် (၉)ရပ်ကွက်နေ ဆန်ရောင်းချသည့် ဆန်ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။                                            

နှင်းလွင်ဦး