ပြည်မြို့နယ်ရှိ ဆက်လက်မြင့်တက်လာသော ဆန်စပါးဈေးနှုန်း
မိုးစပါးအသစ်ဈေးတွင် ကရင်မစပါးဈေးမှာ ယခင် ဒီဇင်ဘာလ ဒုတိယပတ်က ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀ သာရှိပြီး ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၈၅၀ဝ၀ဝ၊ ကရင်မဆန်ဈေးမှာ ကျပ် ၆၀ဝ၀ဝ မှ ယခုတွင် ကျပ် ၆၈၀ဝ၀-၇၀ဝ၀ဝ ထိ ဈေးမြင့် ခဲ့ပြီး မှော်ဘီစပါးဈေးမှာ စပါးကောင်းသည့်အတွက် ဈေး ကောင်းရသည်။ ယခင်က မှော်ဘီစပါးဈေးမှာ ကျပ် ၁၉၀ဝ၀ဝ၀၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျပ် ၁၉၃၀ဝ၀ဝ ဖြစ်သည်။
ဧည့်မထအုပ်စု စပါးဈေးများမှာ အရောင်းအဝယ်မရှိ တော့ဘဲ ယခုအခါတွင် စပါးကြီးခေါ် သက်ရင့်စပါးများ ဖြစ်သည့် မှော်ဘီ၊ ကရင်မစပါးများသာ အရောင်းအဝယ်ရှိနေ သည်။ ဆန်အသစ်များသာ ဈေးကွက်အတွင်း အရောင်း အဝယ်ရှိနေပြီး ဆန်သစ် ဆင်းသွယ်တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀၊ ရတနာတိုးတစ်အိတ်လျှင် ကျပ် ၆၇၀ဝ၀၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀၊ ရိုးနီရှယ် တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် ပြည်ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေ သည်။ ဆန်ကွဲကြီး နထအမေ တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ဝ ဆန်ကွဲ ၂.၃.၄ တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀၊ ဆန်ကွဲတစ် အိတ်လျှင် ကျပ် ၄၉၀ဝ၀၊ ဖွဲနုတစ်ပေါင်လျှင် ကျပ် ၂၆၀ ဖြင့် အရောင်းအဝယ်ရှိသည်။
ပေါ်ဆန်းဆန်ဈေးမှာ ပုသိမ်ပေါ်ဆန်း ဆန်အသစ်ဈေး တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ရှိပြီး ဈေးကွက်အတွင်း ရောင်းချနေသော ပေါ်ဆန်းဆန်များမှာ ပြည်ခရိုင်အတွင်း အနည်းငယ် စိုက်ပျိုးသော ပေါ်ဆန်းဆန် များသာဖြစ်သည်။
ပြည်မှ ရန်ကုန်သို့ ဆန်တင်ပို့ရောင်းချမှုမှာ ရက်သတ္တ တစ်ပတ်အတွင်း အိတ် ၁၄၀ဝ ခန့် တင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။
လွင်လွင်ဆန်း (ပြည်)
