Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများအခြေအနေ

Fri, 05/15/2026 - 10:11 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဧပြီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၅၂၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၂၀ဝ၀ဝ၀၊ ဧရာမင်း စပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၃၁၀ဝ၀ဝ၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ ရွှေဝါထွန်း ဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၃၁၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၃၆၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာမင်းသစ် စပါး တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ တို့ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
စစ်ကိုင်းခရိုင်တွင် ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၅၂၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ဝ၀၊ ဧရာမင်း စပါး (ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၃၅၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါ တစ်အိတ် လျှင်  ကျပ် ၁၇၀ဝ၀ဝ၊  ဧရာမင်း စပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ်  ၃၁၀ဝ၀ဝ၀၊ ဆန်  ၂၄  ပြည်ပါ  တစ်အိတ်လျှင်  ကျပ် ၁၅၀ဝ၀ဝ၊  မနောသုခ စပါး (ဟောင်း) တင်း  ၁၀ဝ လျှင်    ကျပ် ၁၉၀ဝ၀ဝ၀၊ ဆန်  ၂၄  ပြည်ပါ    တစ်အိတ်လျှင်   ကျပ် ၉၅၀ဝ၀၊ မနောသုခစပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်းစပါး (ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၃၅၀ဝ၀ဝ၀၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၇၅၀ဝ၀၊ ဧရာမင်းစပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၃၂၀ဝ၀ဝ၀၊ ဧရာမင်း (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၅၅၀ဝ၀၊ ရွှေဘိုပေါ်ဆန်း စပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၅၃၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၂၀၅၀ဝ၀၊ မနောသုခ စပါး (သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ရွှေဝါထွန်း စပါး တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊ ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ တို့ဖြင့် မြို့နယ်အလိုက် အရောင်းအဝယ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း(သစ်)၊ မနောသုခ(သစ်) စပါးဈေးနှင့် ဆန်ဈေးသည်  အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။                                      

သင်းသင်းအေး (မုံရွာ)