ဧရာဝတီတိုင်းဒေသကြီ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိ မိုးစပါးစိုက်ဧက ၁၂၁၆၇၂၈ ဧကကျော်အတွက် စိုက်ပျိုးချိန် တောင်သူများလိုအပ်သော မျိုး၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်များအတွက် သုံးစွဲရန် ငွေကျပ် ၃၆၅ ဘီလီယံထုတ်ချေးရန်လျာထားထားကြောင်း သိရသည်၊
စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကမှ ၁၀ ဧကအတွင်း မေ ၁၂ ရက်မှ စက် တင်ဘာလကုန်အထိ ထုတ်ချေးပေးမည်ဖြစ်သည်။ အချိန်စေ့ရောက်သော ချေးငွေ အကျေပေးဆပ်ပြီးသည့် တောင်သူများကိုသာ ထုတ်ချေးပေးမည်ဖြစ်ပြီး တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသောစနစ်ဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အပေါင်ရယူထားမည်ဖြစ်သည်၊
တောင်သူများစိုက်ပျိုးချိန် အခက်အခဲမရှိစေရန် ငွေကျပ် ၁၀ဝ လျှင် အတိုး နှုန်းအနေဖြင့် တစ်နှစ် ၅ ရာခိုင်နှုန်း ငွေကျပ် ၁၀ဝ လျှင် တစ်လလျှင် ၄၂ ပြား သက် သာသော နှုန်းထားဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်၊
ယခင်နှစ်က မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀ဝ၀ဝ ထုတ်ချေးပေးခဲ့သော်လည်း ယခု ၂၀၂၆ မိုးစပါးရာသီမှာ တစ်ဧကလျှင် ၃၀ဝ၀ဝ၀ နှုန်းဖြင့် ယခင်နှစ်ထက်နှစ်ဆ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်၊
ဧရာမြေ (ပသ)
