Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Fri, 09/11/2026 - 16:08 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  သြဂုတ်လတတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀ဝလျှင် ကျပ် ၆၁၀ဝ၀ဝ၀ ၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၄၀ဝ၀ဝ၊ ဧရာမင်းဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၀၊ ရွှေဝါထွန်း(နွေ) စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ ၊ ဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ်  ၁၀ဝ၅၀ဝ တို့ဖြင့် ရောင်းချလျက်ရှိသည်။
ကလေးခရိုင် ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၇၀ဝ၀ဝ၀၊   ဆန် ၂၄ ပြည်ပါ တစ်အိတ်လျင် ၉၅၀ဝ၀ ကျပ်၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀ဝ လျှင် ကျပ် ၃၂၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းခရိုင်တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀ဝ လျှင် ကျပ်  ၅၉၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၃၅၀ဝ၀၊ ဧရာမင်းစပါး(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ်  ၃၅၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝ၊ မနောသုခ  စပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၈၀ဝ၀ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊  ဆန် ၂၄ ပြည်   တစ်အိတ်လျှင် ကျပ် ၁၇၅၀ဝ၀၊ ရွှေဘိုပေါ်ဆန်း  စပါး  တင်း ၁၀ဝ လျှင် ကျပ် ၆၀ ဝ၀ဝ၀ဝ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၂၄၀ဝ၀ဝ၊ မနောသုခ စပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊  ရွှေဝါထွန်းစပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ဆန် ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၁၀၅၀ဝ၀တို့ဖြင့်  အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။

သင်းသင်းအေး (မုံရွာ)