Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Tue, 12/20/2022 - 10:46 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာဒုတိယပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၄၃၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀ဝ၊ တန်အားဖြင့် ၅၂၈၀ တန် စီးထွက်ခဲ့သည်။

ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ ၃၂၀ဝ၀၊ မန္တလေး သို့ အိတ်ရေ  ၄၅၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ၉၅၀ဝ၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၀ဝ၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀ဝ၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၀၆၁၀ဝ၊  တန်အားဖြင့် ၅၃၀၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း  အိတ်ရေ ၅၀ဝ၊ တန်အားဖြင့် ၂၅ တန် ပို၍စီးထွက်ခဲ့သည်။

ရွှေဘိုမြို့၏ ဒီဇင်ဘာဒုတိယပတ်တွင် ဖြစ်ပေါ်နေ သော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း ၁၀ဝ လျှင် ကျပ်၂၆၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၈၀ဝ၀၊ ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်း စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁၀ဝ၀ဝ၀၊  ‌ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။             

အေးသိင်္ဂီစိုး (ရွှေဘို)