Main menu

Background

ယနေ့ အောင်မြင်ရေပန်းစားနေတဲ့ အသင့်စားငါးနှပ်ခြောက်မီးကင်

Mon, 02/24/2014 - 13:04 -- ydnar

ဖျာပုံခရိုင်၊ ဒေးဒလူကျေးရွာအုပ်စု၊ ရွှေလှေကျင်းကျေးရွာ၊ အမာမြို့ နယ်ခွဲကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးနဲ့ (TPIS) ဝန်ထမ်း များဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က " အဏ္ဏဝါဇော် " အမည်နဲ့ အသင့်စား ငါးနှပ်ခြောက်ကင်လုပ်ငန်းကို တွင် ကျယ်စွာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
"အဏ္ဏဝါဇော်" အမည်ဖြင့် ထုတ် လုပ်နေသူတစ်ဦးအနေနဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့မှာ ယခုလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အလုပ်ရုံဆွေး နွေးပွဲနဲ့ ကုန်စည်ပြပွဲကို တက်ရောက် နိုင်ဖို့နဲ့ ထုတ်ကုန်ပစ္စည်းများ ပြသ နိုင်ရေးတို့အတွက်ဆွေးနွေးခဲ့ကြပါတယ်။

လုပ်ငန်းစတင် လုပ်ကိုင်ခဲ့ပုံနဲ့ ထုတ်လုပ်မှုအဆင့်ဆင့်၊ ဈေးကွက် အခြေအနေများကို မေးမြန်းခဲ့ရာ ---- "ကျွန်တော် ဒီလုပ်ငန်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလလောက်က စတင် လုပ်ကိုင်ခဲ့ပါတယ်။ ၃ လလောက် အကောင်အထည်မပေါ်ခဲ့ဘူး။ ဘာဖြစ် လို့လည်းဆိုတော့ ပင်လယ်ငါးရဲ့ သဘာ ဝကိုက အငန်ဓာတ်တွေပါဝင်နေသလို ပင်လယ်အနံ့တွေလည်း ရှိနေလို့ပါပဲ။ ဒီငါးနှပ်ခြောက်ကို မီးဖုတ်ပြီးစား ကြည့်ရင် သာမန်ရိုးရိုးရှိပြီး၊ သွားကျဉ် သလိုလို ထုံနေသလိုလို တွေရှိနေတတ် ပါတယ်။ ဒါတွေကို ပျောက်သွားအောင် အဆင့်ဆင့်လုပ်ရပါတယ်။ပထမအဆင့် အနေနဲ့ ပင်လယ်ကရတဲ့ ငါးနှပ်ငါးတွေ ကို ခေါင်း၊ အမြီး၊ ဆူးတောင်တွေကို ဖြတ်ရပါတယ်။ ဒုတိယ အဆင့်အနေနဲ့ ပျမ်းမျှ ၄ နာရီခန့် နေလှန်းရပါတယ်။ တတိယအဆင့်ကငါးမှာ ပါဝင်နေတဲ့ အငန်ဓာတ်၊ပင်လယ်နံ့နဲ့ ပင်လယ်ရေမှာ ပါဝင်တဲ့ဓာတ်ကြွင်းတွေကိုပျောက်အောင် ရေပြန်ဆေးရပါတယ်။ စတုတ္ထအဆင့် က၅နာရီနေပြန်လှန်းရပါတယ်။ ပဉ္စမ အဆင့်ကငါးကိုထက်ခြမ်းခွဲပြီး၊ ပြားသွား စေဖို့ ထုပေးရပါတယ်။ ဆဌမအဆင့်က ထုပြီးသားငါးတွေကိုအချောထုတ်လုပ်တဲ့ စက်ထဲကို ထည့်ကာမွပြီး၊ ပြားကပ်သွား စေဖို့ကြိတ်ပေးရပါတယ်။ နောက်ဆုံး အဆင့် ကတော့ အချောထုတ်ပြီးသား ငါးများကို မီးကင်ဖိုမှာ ကျက်သွားတဲ့ အထိ မီးကင်ပေးခြင်းအားဖြင့် အသင့် စားငါးနှပ် ခြောက်မီးကင်ဖြစ်သွားပါပြီ။ အဆင့်ဆင့်ပြုလုပ်တဲ့နေရာမှာ ဓါတု ဆေးလုံးဝမသုံးကြောင်းအာမခံပါတယ်။ တံဆိပ် အမည်ကတော့ "အဏ္ဏဝါဇော်" ဆိုတဲ့ အမည်နဲ့ ထုတ်ပါတယ်။ ၁၀၀ ဂရမ်ဘူး၊ ၁၀၀ ဂရမ်ပါကင်ထုပ်၊ ၅၀ ဂရမ် ပါကင်ထုပ်ဆိုပြီး၊ ထုပ်ပိုးထားပါ တယ်။ ၁၀၀ ဂရမ်ဘူးတစ်ဘူးကို လက် ကားဈေး ၁၂၀၀ ကျပ်၊ ၁၀၀ ဂရမ် ပါကင် အိတ်ထုပ်တစ်ထုပ် ၁၀၀၀ ကျပ်၊ ၅၀ ဂရမ်ပါကင်တစ်ထုပ် ၅၀၀ ကျပ်နဲ့ ပေးပါတယ်။ ဒါ့အပြင် ငါးနှပ်ခြောက်ကို အပူပေးလိုက်ပြီး၊ စက်ကြိတ်ချိန်မှာ ထွက်လာတဲ့ အပိုင်းအစကို ပါကင် ထုပ်ပြီး၊ တန်ဖိုးနည်းပြန်ရောင်းပါတယ်။ သူကတော့ အလေးချိန် ၄ ကျပ်ခွဲသား ကို ၄၀၀ ကျပ်ပါ။ သူ့ကိုတော့ အကြေ ထုပ်လို့ခေါ်ပါတယ်။ အမှုံအမွှားဆိုတဲ့ အထုပ်လည်းရှိပါသေးတယ်။သူ့ကိုတော့ အစိမ်းမှုန့်၊ အကင်မှုန့်ဆိုပြီး၊ နှစ်မျိုးခွဲခြား ထားပါတယ်။အလေးချိန် ၁၀ ကျပ်သား ကို၂၀၀ကျပ်နှုန်းနဲ့ရောင်းချပြီး၊သူ့ကိုပုစွန် ခြောက် အစားထိုးအဖြစ်သုံးကြတာဖြစ် ပါတယ်။ နောက် တစ်ခုရှိပါသေးတယ်။ ငါးနှပ်ငါးအစိမ်းတုန်းက ဖြတ်လိုက်တဲ့ ခေါင်း၊ အမြီး၊ ဆူးတောင်တွေကို ကြက် စာအဖြစ် တစ်ပိဿာကို ၅၀၀ ကျပ်နဲ့ ရောင်းပါတယ်။ကျွန်တော့်ဆီမှာ အလုပ် သမား ၅၀ ဦးခန့်ရှိပါတယ်။ အလုပ် သမားတွေကိုလစာနဲ့ထမင်းကျွေး၊နေစရာ ပေးစရိတ်ငြိမ်းငှားရမ်းထားတာပါ။အမျိုး သားတစ်ဦးကို တစ်လ ၅၀၀၀၀ ကျပ်၊ အမျိုးသမီးက ၄၀၀၀၀ ကျပ် ပေးရပါ တယ်။ကျွန်တော်ရဲ့လုပ်ငန်းဟာအတော် ကျယ်ပြန့်နေပါပြီ။ နေ့စဉ် မှာယူတဲ့ အရေအတွက်ကတော့အထုပ် ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားမှာရှိပါတယ်။ မှာယူတဲ့ ဒေသတွေကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြဝတီ၊ မူဆယ်၊ လားရှိုး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ပုသိမ်၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ဖျာပုံ စတဲ့ဒေသတွေကိုအလှည့်ကျတင်ပို့ပေးနေ ရပါတယ်။ နေ့စဉ်ထုတ်လုပ်ဖို့အတွက် ငါးပိဿာချိန် ၁၅၀ လောက်လို အပ် ပါတယ်။ တစ်လဆို ပိဿာချိန် ၄၅၀၀-၅၀၀၀ ပိဿာလောက်ကုန်တယ်ပေါ့။ ကျွန်တော့်မှာ ကိုယ်ပိုင် ကျားဖောင် ၃၅ ဖောင်ရှိပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော့်ကျားဖောင်ကရရှိတဲ့ ကုန် ကြမ်းလုံလောက်မှုမရှိတဲ့အတွက်ရန်ကုန် ဘုရင့်နောင်ပွဲရုံကနေ ပြန်ဝယ်ပြီး လုပ် နေရပါတယ်။ ကုန်ကြမ်းတစ်ပိဿာကို ၇၅၀၀-၈၀၀၀ကျပ်ဈေးရှိပါတယ်။ ကျွန် တော့်ရဲ့ရှေ့အလားအလာကိုပြောရမယ် ဆိုရင် စက်ရုံတစ်ရုံတည်နိုင်ဖို့ မြေနေရာ ရရှိ ရေးအတွက် ကြိုးစားနေပါတယ်။ စက်ရုံတစ်ရုံတည်နိုင်ခဲ့မယ်ဆိုရင် ဒေသခံလူ ၃၀၀ ဦးလောက်ကို အလုပ် ပေးနိုင်မှာပါ။ " အဏ္ဏဝါဇော်" ဆိုတဲ့ အမည်နဲ့ ကုမ္ပဏီတစ်ခုကိုတည် ထောင် ပြီး၊ ပြည်ပဈေးကွက်အထိ ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဖြူးသွားမှာပါ " လို့ လုပ် ငန်းရှင် ဦးမောင်မောင်ဇော်မှ ပြောပါ တယ်။
မင်းဇော်မွန် - ဖျာပုံ