ယနေ့နံနက်တွင် ''တောင်ဘက်ဖျားအစွန်က သဘာဝအလှ ရေသယံဇာတနှင့် လူမှုစီးပွားဘဝ"ဆောင်းပါးပို့စ်တင်ပြီးမှ ကြေးမုံ သတင်းစာ ဖတ်ရှုရသည်။
ယနေ့နံနက်တင်ခဲ့သည့်ပို့စ်တွင် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု ကျော်မှစ၍ မိမိတို့ဘက်မှ အစိုးရနှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး မြန်မာ နိုင်ငံတွင် အဓိက ငါးဈေးကွက်အဖြစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်တွင် တည်ရှိသော နိုင်ငံတကာ ငါး လေလံဈေးကို ဆိပ်ခံတံတားများ၊ သင်္ဘောကျင်းများ၊ လေလံဈေးများ၊ အအေးခန်းများ ဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားလာခဲ့ကြသော် လည်း ၂၀၂၀ပြည့်နှစ်အထိ ဖတ်ရှုခဲ့ရသည့် သတင်းများအရ ရေထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်းက ထိုင်းနိုင်ငံ ရနောင်းငါး၊ ပုစွန်၊ ကဏန်းဈေး ကွက်ကို ဆက်လက်မှီခိုနေရဆဲဟုသိရသည်။ (တစ်ခုခုလိုနေသလား ဟု ခံစားမိသည်) လိုအပ်နေသေးသည့်အပေါ်တွင် ထပ်မံလေ့လာ သုတေသနပြုသင့်သည်ဟု ထင်သည်ဟု ရေးသားခဲ့သည်။
သတင်းစာတွင် ထိုလိုအပ်ချက်ကို ရေးသားဖော်ပြထားသည်။ ထိုလိုအပ်ချက်မှာ အခြားထူးထူးထွေထွေမဟုတ် ထိုင်းမှ ငါးဈေးကွက် ကို ပြန်ယူနိုင်ရန် ငါးလေလံဈေးအား အစိုးရပိုင်းနှင့် လုပ်ငန်းရှင်များ အကြား အမှန်တကယ် ပူးပေါင်းဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက ပြောကြားသည်ဟူ၍ ဖြစ်ပါ သည်။ တစ်ဖန် မြန်မာ့ငါးဖမ်းလုပ်ငန်း လက်ရှိအခြေအနေ အကူး အပြောင်းတွင် မူဝါဒပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခွင့်အလမ်းများ (Myanmar's fisheries in transition: Current status and opp- ortunities for policy reform) မူဝါဒအကြံပြုချက်စာအုပ်ကို တွေ့ရှိ သဖြင့် ဖတ်ရှုကြည့်ရာ အဓိကကျသော အချက်အချို့ကို ကောက်နုတ် ဖော်ပြရပါက မြန်မာ့ငါးဖမ်းလုပ်ငန်းသည် မြန်မာ့စီးပွားရေးအတွက် အရေးကြီးကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာ့ငါးဖမ်းလုပ်ငန်းသည် လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း၊ ပိုမိုကောင်းမွန်သော မူဝါဒ နှင့် စီမံခန့်ခွဲမှုကို ပံ့ပိုးရန် နောက်ထပ် သုတေသနနှင့်ဒေတာစုဆောင်း မှုကြိုးပမ်းမှုများအတွက် အရေးတကြီးလိုအပ်နေကြောင်း၊ အမျိုးသား အဆင့်အဖွဲ့အစည်းဆိုင်ရာနှင့် သုတေသနစွမ်းရည်ကို အားကောင်း စေရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မူဝါဒချမှတ် သူများ၊ ပညာရှင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူ ဤငါး လုပ်ငန်းကဏ္ဍများ၏ အပြန်အလှန်ချိတ်ဆက်မှု လိုအပ်ချက်ကို မီးမောင်းထိုးပြလိုကြောင်း၊ ကမ်းရိုးတန်းရပ်ရွာများ၏ အရင်းအမြစ် များကို လုံခြုံအောင်ထားရန်လိုကြောင်း၊ အစိုးရမှ ကဏ္ဍ၏ အရေးကြီးမှုကိုလုံလောက်စွာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်မှုအဖွဲ့အစည်းများ အားကောင်းလာစေရေး၊ (လူသားအရင်းအနှီး တည်ဆောက်မှု) အပေါ် မူတည်မည်ဖြစ်ကြောင်း၊ ထိုမူဝါဒ အကြံပြုချက်များကို ပြန် လည်သုံးသပ်၍ ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာ့ငါးဖမ်း လုပ်ငန်း လက်ရှိအခြေအနေ အကူးအပြောင်းတွင် အခွင့်အလမ်းများ ရရှိနိုင်မည်လားဆိုသည်ကို သုတေသနပြု ဆန်းစစ်သုံးသပ် လုပ်ကိုင် ကြရမည်ဖြစ်သည်။
မြန်မာ့ငါးလုပ်ငန်းသည် အသိပညာ၏ လက်ရှိ အခြေအနေကို ကျယ်ပြန့်စွာရှုမြင်နိုင်ရန် ထူးခြားသော သတင်းရင်းမြစ်များကို ပေါင်းစပ်ဖန်တီးထားသည်။ အသိပညာအခြေခံသည် ၂၀၁၁ ခုနှစ်မှစတင်၍ လျင်မြန်စွာ တိုးတက်လာသော် လည်း ဤနေရာတွင် တင်ပြထားသော ကဏ္ဍခွဲ ခွဲခြမ်းစိတ်ဖြာမှုများသည် သိသာထင်ရှားသော ကွာဟချက်များကို ညွှန်ပြပြီး ပိုမိုကောင်းမွန်သော မူဝါဒနှင့် စီမံခန့်ခွဲ မှုကို ပံ့ပိုးရန် နောက်ထပ်သုတေသနနှင့် ဒေတာစုဆောင်းမှု ကြိုးပမ်းမှုများအတွက် အရေးတကြီး လိုအပ်နေသည်။ ဤဆောင်းပါးတွင် အသုံးပြုထားသော ခွဲခြမ်းစိတ်ဖြာမှု မူဘောင်သည် မကြာသေးမီက သမိုင်းနှင့် နိုင်ငံရေးဖြစ်ထွန်းမှုများအတွင်း မြန်မာနိုင်ငံရှိ ငါးဖမ်းလုပ် ငန်း အခြေအနေကို ရှာဖွေဖော်ထုတ်ထားသည်။ ပညာရှင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး သရုပ်ဆောင်များက မကြာခဏဆိုသလို ကွဲလွဲနေ သော ဤငါးလုပ်ငန်းကဏ္ဍများ၏ အပြန်အလှန်ချိတ်ဆက်မှု လိုအပ်ချက်ကို မီးမောင်းထိုးပြလိုသည်။
ပင်လယ်ငါးလုပ်ငန်း ထုတ်လုပ်မှု စာရင်းဇယားများ တိုးမြှင့် စုဆောင်းခြင်းနှင့်အတူ အမျိုးသားအဆင့် အဖွဲ့အစည်းဆိုင်ရာနှင့် သုတေသနစွမ်းရည်ကို အားကောင်းစေခြင်း၊ ကမ်းလွန်ငါးသိုလှောင် မှုတွင် ပိုမိုပွင့်လင်းမြင်သာသော အုပ်ချုပ်မှုကို သေချာစေပါ။ ကမ်းရိုး တန်းရပ်ရွာများ၏ အရင်းအမြစ်များကို လုံခြုံအောင်ထားပါ။ ပြည် တွင်းအသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် ကုန်း တွင်းငါးဖမ်းလုပ်ငန်း၏ အရေးပါမှုကို အသိအမှတ်ပြုပြီး ရေအရင်း အမြစ်ကို ထိခိုက်စေမည့် ဆုံးဖြတ်ချက်များ ချရာတွင် ထည့်သွင်းပါ။ ကုန်းတွင်းငါးဖမ်းအရင်း အမြစ်အခြေခံဆိုင်ရာ အလုံးစုံအသိပညာကို မြှင့်တင်ပါ။
ယခုအခါ မြန်မာနိုင်ငံသည် ၎င်း၏ ငါးဖမ်းလုပ်ငန်းအုပ်ချုပ်မှု နှင့်ပတ်သက်၍ အလားအလာရှိသော လမ်းဖြတ်လမ်းပေါ်၌ရပ်တည် နေသည်။ အလားတူ အကူးအပြောင်းကာလများတွင် ကြုံတွေ့ခဲ့ရ သည့် ဒေသတွင်းနိုင်ငံများ၏ အမှားများကို ရှောင်ရှားရင်း လူသားနှင့် သဘာဝပတ်ဝန်းကျင် သာယာဝပြောရေးကို အမြင့်ဆုံးဖြစ်စေမည့် လမ်းကြောင်းများကို ရွေးချယ်ခြင်းသည် နောက်ဆုံးတွင် အစိုးရမှ ကဏ္ဍ၏အရေးကြီးမှုကို လုံလောက်စွာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်မှု အဖွဲ့အစည်းများ အားကောင်းလာစေရေး၊ (လူသားအရင်းအနှီး တည်ဆောက်မှု) အပေါ် မူတည်မည်ဖြစ်သည်။
သုတနိုင်