Main menu

Background

ပြည်ခရိုင် မိုးစပါးသစ်ဈေးကွက်

Wed, 10/12/2022 - 11:46 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်တွင် မိုးစပါး အများဆုံးစိုက်ပျိုးပြီး စိုက်ဧကမှာ ၇၄၆၄၂ဧက၊ ရွှေတောင်မြို့နယ် တွင် ဒုတိယအများဆုံးစိုက်ပျိုးပြီး စိုက်ဧကမှာ ၅၈၁၅၆ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ ဧက၊ ပန်းတောင်း မြို့နယ် တွင် ၄၆၉၃၁ ဧက စိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် စုစုပေါင်း ၂၂၆၄၈၆ ဧက စိုက်ပျိုးသည်။မိုးစပါးအသစ်များမှာ သဲကုန်း၊ ပေါင်းတည်၊ ပြည်မြို့နယ် များမှာ စတင်ထွက်ပေါ်နေပြီး သဲကုန်မြို့နယ်တွင် ယခင်စပါးဈေး မှာ ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၂၀ဝ၀ဝ ၊ ပေါက်ခေါင်းမြို့နယ် တွင် ကျပ် ၉၀ဝ၀ဝ၀၊ ပြည်မြို့နယ်တွင် ကျပ် ၁၀ဝ၀ဝ၀ဝ ဈေးဖြင့် ဝယ်ယူရောင်းချနေပြီး ဆန်သစ် တစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀ ဖြင့် အရောင်းအဝယ် ရှိနေသည်။ စိုက်ပျိုးသည့် မျိုး များမှာ ယခု ပေါ်သောစပါးမျိုးသည် ဧည့်မထအုပ်စု စပါးများဖြစ်သည်။
လွင်လွင်ဆန်း(ပြည်)