Main menu

Background

ပြည်နနွင်းနှင့် သြဇာသီး အနည်းငယ် ဈေးတက်

Wed, 10/19/2022 - 10:25 -- journal_editor

ပြည်ဈေးကွက်သို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်း မြို့တို့မှ နနွင်းများ  နေ့စဉ်ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဝယ်လို အားကောင်းလာသဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရသည်။အောက်တိုဘာလဆန်းပိုင်းတွင် နနွင်းဈေး မှာ အတက်ကြီး တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ အတက် အသေး တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ဖြင့် ယခင် စက်တင်ဘာလ တတိယပတ်ထက်စာလျှင်တစ်ပိဿာ ကျပ်  ၅၀ဝ ခန့် ဈေး မြင့်လာသည်။ ဈေးအနည်းငယ်  မြင့်တက် လာရခြင်း မှာ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်နနွင်းတက်များ အဝယ်လိုက်လာခြင်းဖြစ်ကြောင်းသိရသည်။ပြည်ဈေးကွက်တွင် သြဇာသီးများ အောက်တိုဘာလ ဆန်းတွင် ရောင်းအားသွက်လျက်ရှိသည်။ တော်သလင်းလဆန်း ပိုင်း တွင် သြဇာသီးများ စတင်ထွက်ပေါ်လာပြီး အောက်တိုဘာ လတွင် အထွက်နည်းသွားသော်လည်း ဝါကျွတ်ကာလတွင် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲများတွင် ဆက်ကပ်လှူဒါန်းရန် အတွက်နှင့် အိမ်ပြန်လက်ဆောင်များအဖြစ် ဝယ်ယူကြ သဖြင့်သြဇာသီးဈေးများ မြင့်တက်လာသည်။သြဇာသီးဈေးများမှာအလုံးအကြီးအသေးအလိုက်ကျပ် ၃၀ဝမှ ကျပ်၅၀ဝ အထိရောင်းချလျက်ရှိသည်။ သြဇာသီးခြံများရှိသောမှော်ဇာ၊ ဆင်တဲ၊ရွှေဘုံသာဘက်မှ ပြည်ဈေးကွက်သို့ လာရောက် ရောင်းချပြီး  ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ ကြောင်းလည်း သိရသည်။     

ခင်ဆွေဦး၊ အိသပြေခင်(ပြည်)