Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Sun, 09/09/2012 - 09:07 -- Anonymous (not verified)

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်ကစားမည့် စင်ကာပူလက်ရွေးစင်  ဘောလုံးအသင်းတွင် နာမည်ကြီး ကစားသမားများဖြစ်ကြသည့် ရှောက် ကျားယီ၊ အဂူကက်ရှ်မီးယားစသည့် ကစားသမားများအပါအဝင် ဂိုးသမား(၃) ဦး၊ ကစားသမား (၂၀)ဦးနှင့် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်(၈)ဦး လိုက်ပါလာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့်စင်ကာပူလက်ရွေးစင်အသင်းတို့၏ခြေစမ်းပွဲ    ကို  စက်တင်ဘာလ ၁၁ရက်နေ့ညနေ ၄နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အဆိုပါယှဉ်ပြိုင်ကစားပုံများကို For Sports  နှင့် Channel-7  ရုပ်သံလိုင်းများ မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏နည်းစနစ်ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်အောင် က ပြည်တွင်းမှ ကစားသမားများအနေဖြင့် နိုင်ငံခြားသားကစားသမားများ ထက်ပိုမိုသာလွန်အောင် ရည်မှန်းချက်ထားပြီး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသို့ပူးတွဲလေ့ကျင့်ရေးနှင့်ခြေစမ်းပွဲများသွားရောက်ကစားနေ သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ပထမဆုံးကစားခဲ့သည့်ခြေစမ်းပွဲ အူရာဝါရက်ဒိုင်းမွန်းအသင်းအား ငါးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လ ၁၉ရက်နေ့က ရတနာပုံအသင်း၏အိမ်ကွင်း ဗထူးကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံ-ဇေယျာရွှေမြေအသင်းတို့၏ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များအတွက် အိမ်ရှင်ရတနာပုံအသင်းအား စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ဒဏ်ကြေး ကျပ် သုံးသိန်းတိတိပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။