Main menu

Background

နေပြည်တော်အသင်း၏ လက်ကျန်ပွဲစဉ်နှစ်ပွဲကို တိုက်စစ်မှူး မဒန်ဂီ လွဲချော်တော့မည်

Wed, 07/24/2013 - 12:22 -- ydnar

နေပြည်တော်အသင်း၏တိုက်စစ် မှူး မဒန်ဂီသည် နေပြည်တော်အသင်း ၏လက်ကျန်ပွဲစဉ်နှစ်ပွဲကို လွဲချော်ရ တော့မည်ဖြစ်ကြောင်း အသင်းမှတာဝန် ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရ သည်။
တိုက်စစ်မှူး မဒန်ဂီသည် ပေါင်ခြံ ဒဏ်ရာကြောင့် အသင်း၏ရှေ့လာမည့် ပွဲစဉ်နှစ်ပွဲဖြစ်သည့် ရခိုင်ယူနိုက်တက် နှင့် ဇေယျာရွှေမြေအသင်းတို့နှင့်ပွဲစဉ် တို့ကို လွဲချော်ရတော့မည်ဖြစ်သည်။

အသက် ၂၇နှစ်အရွယ်ရှိသည့်အဆိုပါ ကင်မရွန်းတိုက်စစ်မှူးသည် ယခုနှစ် ရာ သီဝက်အပြောင်းအရွှေ့ကာလတွင် နေ ပြည်တော်အသင်းသို့ ပြောင်းရွှေ့လာ သူဖြစ်ကြောင်း သိရသည်။
၎င်း သည် အသင်းသို့ ရောက်ရှိခဲ့ သည့်ရာသီဝက်ကာလအတွင်း ၁၁ပွဲ ကစားပြီးချိန်တွင် ၁၂ဂိုးသွင်းယူထားသူ ဖြစ်သည်။ မဒန်ဂီသည် အသင်း၏အဓိ ကအားထားရသည့်တိုက်စစ်မှူးတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
မဒန်ဂီသည် ဇူလိုင်လ ၁၇ရက်နေ့ က ယှဉ်ပြိုင်ကစားခဲ့သည့်မကွေးအသင်း နှင့်ပွဲစဉ်တွင် မကွေးနောက်ခံလူနှင့်ထိ ခိုက်မိပြီး ပေါင်ခြံဒဏ်ရာရရှိခဲ့ကာ ကို နေးနှင့်လူစားလဲခြင်းခံခဲ့ရသည်။
မဒန်ဂီဒဏ်ရာရရှိခဲ့ခြင်းသည် ချန်ပီ ယံဆုကို ပစ်မှတ်ထားနေသော နေပြည် တော်အသင်းအတွက် နစ်နာမှုတစ်ခုပင် ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦး က ဖွင့်ဟပြောကြားခဲ့သည်။
နေပြည်တော်အသင်းသည် ယခု ရာသီတွင် ၁၉ပွဲကစားပြီးချိန်တွင် ၁၁ပွဲ နိုင်၊ ငါးပွဲသရေ၊ ရှုံးပွဲ သုံးပွဲ၊ ရဂိုး ၃၂ဂိုး ပေးဂိုး ၁၉ဂိုး ရမှတ် ၃၈မှတ်ဖြင့် ဇယား တိုင်၏ဒုတိယနေရာတွင် ရပ်တည်လျက် ရှိသည်။
နေပြည်တော်အသင်းသည် ထိပ် ဆုံးမှ ချန်ပီယံ ရန်ကုန်ယူနိုက်တက်အ သင်းနှင့် လေးမှတ်သာကွာဟနေရာ ချန် ပီယံဆုအတွက်မျှော်လင့်ချက်ရှိနေသေး သည့်အတွက် အဒန်ဂီဒဏ်ရာရရှိသွား ခြင်းသည် ၎င်း တို့အတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်လာခဲ့သည်။