Main menu

Background

ဒိုင်များ၏အမှားများကို စုစည်းကာ အခွေထုတ်မည်ဟု ဇွဲကပင်နည်းပြ ဆို

Wed, 07/24/2013 - 12:23 -- ydnar

မိမိတို့အသင်း ကစားခဲ့သည့် ပွဲများတွင် ပြုလုပ်ခဲ့သည့် ဒိုင်များ၏မှားယွင်းသည့်လုပ်ရပ်များကို စုစည်းကာ ရာသီအ ကုန်တွင် အခွေတစ်ခွေထုတ်သွားမည်ဖြစ်ကြောင်း ဇွဲကပင် နည်းပြချုပ် ဦးအောင်မင်းဦးက ပြောကြားခဲ့သည်။
“ရန်ကုန်နဲ့ပွဲအခွေကိုလည်း တောင်းထားတယ်။

ဒီ တစ် ရာသီလုံးကစားခဲ့တဲ့ပွဲတွေရဲ့အခွေတွေလည်း ကျွန်တော်တို့ ဆီမှာ ရှိတယ်။ အဲဒီအခွေတွေထဲကမှ ကျွန်တော်တို့အသင်း အပေါ် အမှားကျူးလွန်ခဲ့တဲ့ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေကို စုစည်းပြီး အခွေတစ်ခွေထုတ်သွားဖို့ရှိတယ်။ အဓိက ကတော့ ဒိုင်တွေကြောင့်ကျွန်တော်တို့ဒီတစ်ရာသီလုံးမှာဘယ်လောက် အထိ နစ်နာခဲ့ရတယ်ဆိုတာကိုသိစေချင်လို့ပါ”ဟု ၎င်းက ပြောကြားခဲ့သည်။
ဦးအောင်မင်းဦးသည် ဇူလိုင်လ ၁၇ရက်နေ့က ကစား ခဲ့သည့် ရန်ကုန်ယူနိုက်တက်နှင့်ပွဲတွင် ကိုင်တွယ်ခဲ့သည့်ကွင်း လယ်ဒိုင်၏ဆုံးဖြတ်ချက်များကိုလည်း မကျေမနပ်ဖြစ်ခဲ့သည်။ သို့သော် အဆိုပါမကျေနပ်ချက်များအတွက် စောဒကတက် မည်မဟုတ်ကြောင်း ဆိုခဲ့သည်။
ဇွဲကပင်အသင်းသည် ၁၉ပွဲကစားပြီးချိန်တွင် ၄ပွဲနိုင်၊ ၇ပွဲသရေ၊ ၈ပွဲရှုံး၊ ရမှတ် ၁၉မှတ်ဖြင့် အဆင့် ၉နေရာတွင် တန်းဆင်းဇုန်နှင့်ကပ်လျက်ရှိနေသည်။