Main menu

Background

တိုင်ဆန်ဂေးနှင့်ပိုဝဲလ်တို့၏ တားမြစ်ဆေးသတင်းကြောင့်အားလုံးထိတ်လန့်တုန်လှုပ်ခဲ့ရ IAAF ကမူ တားမြစ်ဆေးစစ်ဆေးမှု အစီအစဉ်များ ပိုမိုယုံကြည်စိတ်ချလာရပြီဟုဆို

Wed, 07/24/2013 - 12:24 -- ydnar

နာမည်ကျော်တာတိုအပြေးသမား များဖြစ်သည့် တိုင်ဆန်ဂေးနှင့် အ ဆာဖာပိုဝဲလ်တို့၏ တားမြစ်ဆေးသုံး စွဲထားကြောင်း စစ်ဆေးတွေ့ရှိရမှု သတင်းထွက်ပေါ်လာခဲ့အပြီးတွင် ကမ္ဘာ့ ပြေးခုန်ပစ်လောကတစ်ခုလုံး ထိတ် လန့်တုန်လှုပ်ခဲ့ကြရသည်။

အူစိန်ဘို့တ်၏ အဓိကပြိုင်ဘက် အဖြစ် သတ်မှတ်ခံထားရသူ ကမ္ဘာ့ ချန်ပီယံဟောင်း အမေရိကန်အပြေး သမား တိုင်ဆန်ဂေး တားမြစ်ဆေးစစ် ရာတွင် ကျရှုံးခဲ့သည်ကို သိရှိခဲ့ရသည်။ ဇွန်လအတွင်း ကျင်းပခဲ့သော အမေရိ ကန်ပြေးခုန်ပစ်လူရွေးပွဲ မီတာ၁၀၀ နှင့်၂၀၀တွင်ဗိုလ်စွဲခဲ့သူ တိုင်ဆန်ဂေး သည် ပြိုင်ပွဲပြင်ပတားမြစ်ဆေးစစ် ဆေးမှုအဖြစ် ပြီးခဲ့သည့်မေလအတွင်း က  ဆေးစစ်မှုခံယူခဲ့ရာတွင် positive  ဖြစ်နေကြောင်း သိရသည်။
အမေရိကန်တားမြစ်ဆေးဆန့် ကျင်ရေးအေဂျင်စီက ဆေးကျရှုံး ကြောင်းကို တိုင်ဆန်ဂေးထံ ဇူလိုင် ၁၄ရက်နေ့က အကြောင်းကြားခဲ့ သည်။ အဆိုပါ စစ်ဆေးမှုမှာ ပထမ အကြိမ် A Sample  ဖြစ်ပြီး ဒုတိယ အကြိမ် B Sample  စစ်ဆေးခြင်းကို ဆက်လက် ပြုလုပ်မည်ဖြစ်သည်။
ဆေးကျခဲ့ပြီးနောက် တိုင်ဆန် ဂေးက ၎င်းင်းအနေဖြင့် စွမ်းဆောင် ရည်မြင့်တက်စေသည့်ဆေးကို ရည် ရွယ်ချက်ရှိရှိ လိမ်ညာခဲ့ခြင်းမဟုတ်ဘဲ အတွင်းလူတစ်ဦး၏ လှည့်ဖြားမှု ကြောင့် သုံးစွဲမိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း သုံးစွဲမိခဲ့သည့်ဆေးအမည်ကိုပင် အတိအကျမသိကြောင်း ဖြေရှင်းခဲ့ သည်။ ယခုနှစ်၏ မီတာ၁၀၀ အမြန် ဆုံးစံချိန် (၉.၇၅စက္ကန့်)ပိုင်ရှင် တိုင် ဆန်ဂေးက ၎င်းင်း၏အမှားအတွက် တာ ဝန်ယူခဲ့ပြီး မကြာမီကျင်းပမည့် မိုနာကို ဒိုင်းမွန်းလိဂ်ပြိုင်ပွဲနှင့် သြဂုတ်လအတွင်း ကျင်းပမည့် ကမ္ဘာ့ချန်ပီယံ ရှစ်ပြိုင်ပွဲတို့မှ နုတ်ထွက်ခဲ့သည်။
၂၀၀၈ဘေဂျင်းအိုလံပစ် ရွှေတံ ဆိပ်ဆုရှင် အဆာဖာပိုဝဲလ်မှာလည်း ဇွန် လအတွင်းကျင်းပခဲ့သည့် ဂျမေကာ ပြေးခုန်ပစ်လူရွေးပွဲတွင် လန်းဆန်းတက် ကြွစေသော Oxilofrine ဆေးတစ်မျိုး သုံးစွဲထားကြောင်း စစ် ဆေးတွေ့ရှိရ ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံစစ် ဆေးမှုခံယူရဦးမည် ဖြစ်သည်။
ပိုဝဲလ်မှာလည်း တိုင်ဆန်ဂေးကဲ့ သို့ပင် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဂျမေ ကာအသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရ သည်။
အဆိုပါဖြစ်ရပ်အား ပြေးခုန်ပစ် အသိုင်းအဝိုင်းတစ်ခုလုံးက ထိတ်လန့် တုန်လှုပ်လျက်ရှိသော်လည်း အပြည် ပြည်ဆိုင်ရာ ပြေးခုန်ပစ် အဖွဲ့ချုပ် (IAAF)  ကမူ တိုင်ဆန်ဂေးနှင့် ပိုဝဲလ် တို့၏ဆေးကျမှုကြောင့် မိမိတို့၏တား မြစ်ဆေးအစီအစဉ်များမှာ ပိုမိုယုံ ကြည်စိတ်ချလာရပြီဆိုသည်ကို သက် သေပြနေသည်ဟု သတင်းထုတ်ပြန်ခဲ့ ကြောင်း သိရသည်။