Main menu

Background

နိုင်ငံခြားကလပ်အသင်းများ အထိ ထွက်ကစားနိုင်ရန် ဦးဇော်ဇော် တိုက်တွန်း

Wed, 07/31/2013 - 11:45 -- ydnar

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သက်တမ်းအလိုက်နိုင်ငံ တကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင် မည့်ဘောလုံးသမားများအားတွေ့ဆုံ စဉ် နိုင်ငံခြား ကလပ်အသင်းများသို့ဝင် ရောက်ကစားနိုင်သည်အထိ ကြိုးစား ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ဦးဇော်ဇော်က“ယူ-၁၅နှင့် ယူ-၁၉အသင်းနှစ်သင်းစလုံးဟာအနာ ဂတ်လက်ရွေးစင်အသင်းအတွက်အရေး ကြီးတဲ့အသင်းတွေပါ။ ဒါကြောင့်တစ် ဦးချင်းအရည်အချင်းတွေ တိုးတက် အောင်ကြိုးစားပြီး အသင်းလိုက်ကစား ပုံကောင်းမွန်အောင်ကြိုးစားကြပါ။ လက်ရွေးစင်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့တင် မဟုတ်ဘဲနိုင်ငံခြားကလပ်အသင်းတွေ ကပါကိုယ့်ကိုခေါ်သုံးနိုင်တဲ့အခြေအနေ မျိုးရောက်အောင်ကြိုးစားကြပါ”ဟု တိုက်တွန်းပြောကြားခဲ့သည်။