Main menu

Background

နိုင်ငံခြားသားများကို ဆေးမစစ်ခဲ့မိခြင်းမှာ သင်ခန်းစာတစ်ရပ်ဖြစ်ခဲ့ဟု နည်းပြဦးကြည်လွင် ဆို

Wed, 07/31/2013 - 11:45 -- ydnar

မကွေးအသင်းနည်းပြချုပ်ဦးကြည် လွင်က အသင်းမှခေါ်ယူခဲ့သည့်နိုင်ငံ ခြားသားကစားသမားများကို ဆေးမစစ် ခဲ့မိခြင်းမှာ မိမိတို့အတွက် သင်ခန်းစာ တစ်ရပ်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ သည်။
မကွေးအသင်းတွင်ဖြစ်ပွားနေသော ဘူလ်ဂေးရီးယားကွင်းလယ်လူ အိုင်ဗန် ၏အသည်းရောင်ရောဂါနှင့်ပတ်သက်၍ သတင်းစာတစ်စောင်တွင်ဖွင့်ချခဲ့မှုအား ရှင်းလင်းသည့်ပွဲတွင်နည်းပြဦးကြည်လွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အိုင်ဗန်၏ရောဂါသည် အနည်း ငယ် သည်းလာသောကြောင့် အောင်  ရတနာဆေးရုံသို့ တင်ပို့ကုသခဲ့သော် လည်း ၎င်း အနေဖြင့် ဆေးရုံမှပါမောက္ခ ကိုယ်တိုင် ညွှန်ကြားသည့်ဆေးများကို မှီဝဲခဲ့ခြင်း မရှိကြောင်း သိရသည်။
“သာမန်ရောဂါကနေ ရောဂါကြီး အောင်သူပဲလုပ်တာပါ၊၊ဆေးရုံကပါမောက္ခ ကိုယ်တိုင်ပေးတဲ့ဆေးတွေကို လုံးဝမ သောက်ဘူး။ မယုံသလိုလုပ်ပြီးဟိုးဘူလ် ဂေးရီးယားအထိ လှမ်းမေးတယ်”ဟု အ သင်းမန်နေဂျာဦးစိုးမင်းကပြောကြားသည်။
အိုင်ဗန်ကိုခေါ်ယူခဲ့သည့်ပြဿနာ တွင် မိမိတို့၏တစ်ခုတည်းသောအမှား မှာ ဆေးမစစ်မိခဲ့ခြင်းဖြစ်ကြောင်းကို လည်း ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့လိုအပ်သွားတာက အိုင်ဗန်ကို မခေါ်ခင်မှာ ဆေးမစစ်မိခဲ့ တာပါ။အိုင်ဗန်မှ မဟုတ်ပါဘူး။ အခြား ကစားသမားတွေကိုလည်း ဆေးမစစ်မိ ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာပါပဲ။ သေချာပေါက်ပြောနိုင် တာက ကျွန်တော်တို့အဆောင်နဲ့အစား အသောက်တွေကြောင့်ဆိုတာ မဟုတ် ပါဘူး။ဒီအဆောင်မှာကျွန်တော်တို့အပါ အဝင် လူတွေအများကြီးနေနေသလို အဆောင်ကကျွေးတဲ့အစားအသောက် တွေကိုလည်း ကျွန်တော်တို့စားနေတာ ငါးနှစ်ရှိပါပြီ”ဟု နည်းပြဦးကြည်လွင်က ပြောကြားခဲ့သည်။