Main menu

Background

ပြည်တွင်း ဓာတ်ဆီ၊ ဒီဇယ်ဈေးလည်း သိပ်မပြောင်းလဲ

Wed, 02/17/2010 - 05:04 -- Anonymous (not verified)

    ပြည်တွင်း စက်သုံးဆီ အရောင်းအဝယ်ဈေးကွက်တွင် ဓာတ်ဆီတစ်ပေပါ ၁၅၈ဝဝဝ ကျပ်မှ ၁၆ဝဝဝဝ ကျပ်အကြားတွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒီဇယ်ဆီ တစ်ပေ ပါလျှင် ၁၄၈ဝဝဝ ကျပ်မှ ၁၅၄ဝဝဝကျပ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း တွေ့ရပါတယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးကွက် မှာ ယခုအပတ်အတွင်း ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ၆၉ဒေါ်လာမှ ၇၂ ဒေါ်လာအတွင်း နယူးယောက် ဈေးကွက်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့်အပြင် ပြည်တွင်းငွေလဲနှုန်းမှာလဲ အတန်အသင့် ဈေးခိုင်မာနေသဖြင့် စက်သုံးဆီဈေး သိပ်အပြောင်း အလဲမရှိနိုင်ကြောင်း သိရပါတယ်။       ''ဒီတစ်ပတ်အတွင်း စက်သုံးဆီဈေးကွက်မှာ ယခင်အပတ်ထက် ဒီဇယ်ဆီပိုပြီး အရောင်း အဝယ်သွက်တယ်။ ဈေးနှုန်းရော အရည်အသွေးပါ အာမခံနဲ့ ရောင်းနိုင်လို့ စက်မှုလုပ်ငန်းသုံး စက်ရုံများက အဝယ်ရှိတယ်။ ပြည်တွင်းဆိပ်ကမ်းများကို ဒီဇယ်ဆီ တင်သွင်းလာမည့် အနေ အထားပေါ်မူတည်ပြီး ခန့်မှန်းရရင် ဒီဇယ်ဆီ သိပ်အပြောင်းအလဲမရှိနိုင်ဘူး' လို့ ဒီဇယ်ရောင်း ဝယ်သူတစ်ဦးက သုံးသပ်ပါတယ်။            ဓာတ်ဆီ(ကျပ်)       ဒီဇယ်(ကျပ်) ရက်   ရန်ကုန်   မန္တလေး  ရန်ကုန်   မန္တလေး  ၆      ၃၃ဝဝ    ၃၁ဝဝ     ၃၁ဝဝ     ၃၄ဝဝ   ၇      ၃၃ဝဝ    ၃၁ဝဝ     ၃၁ဝဝ     ၃၄ဝဝ  ၈      ၃၃ဝဝ    ၃၁ဝဝ     ၃၁ဝဝ     ၃၃ဝဝ  ၉      ၃၃ဝဝ    ၃၁ဝဝ     ၃၁ဝဝ     ၃၃ဝဝ  ၁ဝ    ၃၃ဝဝ    ၃၁ဝဝ     ၃၁ဝဝ     ၃၃ဝဝ