Main menu

Background

တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်ဈေးနှုန်းများ နှစ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိ

Tue, 03/14/2017 - 12:16 -- journal_editor

   တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန် ဈေးနှုန်းများသည် ငါးလဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် နှစ်နှစ်ကျော် ကာလအတွင်း အမြင့်ဆုံးအနေအထား သို့ ရောက်ရှိခဲ့သည်။ သွင်းကုန် ဈေးနှုန်း ညွှန်းကိန်းသည် ပြီးခဲ့သည့် ဇန်နဝါ ရီနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်ကို တွေ့ရှိရသည်။ သွင်း ကုန်ဈေးနှုန်းညွှန်းကိန်းသည် ပြီးခဲ့သည့် နှစ်စက်တင်ဘာလ ကတည်းက စတင် ကာ တဖြည်းဖြည်း မြင့်တက်လာသည့် အနေအထားရှိပြီး ၂၀၁၇ ဇန်နဝါရီလ တွင် နှစ်နှစ်ကျော်ကာလအတွင်း အမြင့် ဆုံးအနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်။
ယင်းသို့သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ စက်သုံးဆီ ဈေး နှုန်းများ ကြီးမြင့်မှုနှင့်ဒေါ်လာ ငွေကြေး ခိုင်မာလာမှုတို့ကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ်က ပြောကြားခဲ့သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသမှ စက်သုံးဆီ တင်သွင်းမှုကို တိုင်းတာမှုတစ်ခုဖြစ် သည့် ဒူဘိုင်းရေနံဆီဈေးနှုန်းများ မြင့် တက်လာခြင်းသည်လည်း အကြောင်း အရင်းတစ်ခုဖြစ်သည်။ တောင်ကိုရီး ယားအနေဖြင့် စုစုပေါင်း ရေနံဆီ တင် သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကို အရှေ့ အလယ်ပိုင်းဒေသမှ တင်သွင်းနေရခြင်း ဖြစ်သည်။ ရေနံစိမ်းအပါအဝင် ကုန် ကြမ်းများ၏တန်ဖိုးသည် ကမ္ဘာ့ကုန် ကြမ်းဈေးကွက် ပြန်လည်နာလန်ထူမှု ကာလဖြစ်နေသည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ကို တွေ့ရသည်။
သွင်းကုန်ဈေးနှုန်းများသည် ယခု နှစ်အတွင်း ၁၃ ဒသမ ၂ ရာခိုင်နှုန်းမြင့် တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာတွင် ၁၄ ဒသမ ၅ ရာခိုင် နှုန်းအထိမြင့်တက်ခဲ့ပြီးနောက်ပိုင်း အမြင့် ဆုံးအခြေအနေသို့ ထပ်မံရောက် ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းသို့ သွင်းကုန်ဈေးနှုန်းများ မြင့်တက်မှုသည် ယခုနှစ်တွင် စားသောက်ကုန်ဈေးနှုန်း များ ထပ်မံမြင့်တက်လာနိုင်သည့် အခြေ အနေကို ဖန်တီးနိုင်ဖွယ်ရှိသည်။ လတ် တလောကာလတွင် စားသောက်ကုန် ဈေးနှုန်းများသည်လည်း ဆက်လက် မြင့်တက်နေသည့် အနေအထား ဖြစ် သည်။ ဇန်နဝါရီလတွင် စားသောက်ကုန် ဈေးနှုန်းညွှန်းကိန်းအနေဖြင့် ယခင်နှစ် ကထက် နှစ်ရာခိုင်နှုန်းခန့် ပိုမို မြင့်တက် ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပို့ကုန် ဈေးနှုန်းများသည်လည်း အမေရိကန် ငွေကြေးခိုင်မာလာမှုကြောင့် ယခင်လ က ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပို့ကုန်ဈေးနှုန်း သည် ၆ ဒသမ ၆ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး ၂၀၁၇ ဇန်နဝါရီလ တွင်မူ ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။
ခင်မျိုးသော်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့