Main menu

Background

အမေရိကန်နှင့်အီးယူတို့မှ ခွင့်ပြုထားသည့် ပို့ကုန်အကျိုးကျေးဇူးများ ရရှိခံစားနိုင်ရန်အတွက် CLMV နိုင်ငံများနှင့် Value Chain ဖန်တီးရယူရန် လုပ်ငန်းရှင်များအား အိန္ဒိယအစိုးရက တိုက်တွန်း

Tue, 03/21/2017 - 12:55 -- journal_editor

         အမေရိကန်နှင့် အီးယူတို့က ဖွံ့ဖြိုး ဆဲနိုင်ငံများမှ ပို့ကုန် လုပ်ငန်းရှင်များ အတွက် ခွင့်ပြုထားသော သက်သာခွင့် များအား အိန္ဒိယလုပ်ငန်းရှင်များ ရရှိ ခံစားနိုင်ရန်အတွက်  အရှေ့တောင် အာရှနိုင်ငံများမှ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများဖြစ်သည့်CLMV  လေးနိုင်ငံ နှင့် value chain   များ ဖန်တီးရယူရန် အိန္ဒိယအစိုးရက ၎င်းင်းတို့၏ထုတ်လုပ် သူများအား  တိုက်တွန်းပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
အမေရိကန်နှင့်အီးယူတို့က ဖွံ့ဖြိုး ဆဲနိုင်ငံများအတွက်   ခွင့်ပြုပေးထား သောGeneralised   System of Preferences (GSP) အစီအစဉ်အရ ကမ္ဘောဒီးယား၊  လာအို၊  မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သညCLMV  နိုင်ငံများမှ ထုတ်လုပ်တင်ပို့လာသော ကုန်ပစ္စည်းများအတွက် အခွန်ကင်း လွတ်ခွင့်/သက်သာခွင့်များ ခွင့်ပြုထား ကြောင်း၊ အိန္ဒိယထုတ်လုပ်သူများ အနေဖြင့် မြန်မာနိုင်ငံတွင် ထုတ် လုပ်မှုလုပ်ငန်းများ တည်ထောင်ခြင်း အားဖြင့် အမေရိကန်နှင့် အီးယူနိုင်ငံ များသို့ တင်ပို့ရာ၌GSP အကျိုးကျေး ဇူးများကို ရရှိခံစားနိုင်ကြောင်း၊ အိန္ဒိယ စီးပွားရေး ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးNirmala Sitharaman က ရာဂျက် စသန် ပြည်နယ်၊Jaipur  မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် India - CLMV Business Conclave ၌ ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
းက ဆက်လက်ပြောကြားရာ၌ အဆိုပါအခွင့်အရေးသည် အထူး သဖြင့် အိန္ဒိယနိုင်ငံ၏ ချည်မျှင်နှင့် အထည်အလိပ်ကဏ္ဍအတွက် အလွန် အရေးပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုသည် အမေရိကန်နှင့်အီးယူသို့ တင်ပို့မည့် ချည်ထည်များထုတ်လုပ်ရန်  အတွက် အိန္ဒိယနိုင်ငံမှ ချည်မျှင်များကို တင်သွင်းကြကြောင်း၊ သို့ဖြစ်၍ အိန္ဒိယ နိုင်ငံမှ ကုန်ကြမ်းများကို တင်သွင်း အသုံးပြုပြီး၊ နိုင်ငံပြင်ပ၌ ချည်ထည်များ ထုတ်လုပ်ခြင်းအားဖြင့် အိန္ဒိယပြည် တွင်းမှ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ပြီး၊ ဆင့်ကဲတန်ဖိုးပြောင်းလဲမှု Value Chain)  များ ပြုလုပ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုမျှသာမက အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပို့ကုန်ပမာဏ၌ ပါဝင်မှု အချိုး မြင့်တက်လာသည့်အတွက်ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများက အိန္ဒိယနိုင်ငံ အား ဦးစားပေးအကောက်ခွန် ကင်း လွတ်ခွင့်များအား ရပ်ဆိုင်းရန် ခြိမ်း ခြောက် လျက် ရှိကြောင်း၊ သို့ဖြစ်၍ ပထမခြေလှမ်းအနေဖြင့် စီးပွားရေး ဆက်ဆံမှုများ တိုးမြှင့်ရန် အိန္ဒိယနိုင်ငံမှConfederation of India Industry  အနေဖြင့် မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့တွင်ရုံးများ ဖွင့်လှစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အာဆီယံဒေသအတွင်း၌လည်း CLMV နိုင်ငံများ၏ တိုးတက်မှုနှုန်း မှာမြင့်မားလျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ ဒေသတွင်းတစ်ခု လုံး၏ တိုးတက်မှုနှုန်းသည် ၄ ဒသမ ၆ ရာခိုင်နှုန်း ဖြင့်သာ တိုးတက် ခဲ့သော် လည်း CLMV ဒေသသည် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်း၊ CLMV နိုင်ငံများသည် အိန္ဒိယနိုင်ငံနှင့် လွတ်လပ်သော ကုန် သွယ်မှုဆိုင်ရာ သဘောတူညီချက် တစ်ရပ်ရှိနှင့်ပြီးဖြစ်သည့် အာဆီယံ ဒေသ၏ တစ် စိတ် တစ်ပိုင်းဖြစ်ကြောင်း၊ ထိုမျှသာမက အိန္ဒိယနိုင်ငံသည် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၁၆ နိုင်ငံပါဝင်မည့် ပိုမိုကျယ်ပြန့် သည့်Regional Comprehensive Economic Partnership Agreement  လက်မှတ်ရေး ထိုးရန်လည်း ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၀၅ ခုနှစ်က CLMV နိုင်ငံများ နှင့် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံသာရှိသော်လည်း ၂၀၁၅ ခုနှစ် တွင် ၁၀ ဒသမ ၃ ဘီလီယံအထိ တိုး တက်လာခဲ့ပြီး၊ ပြီးခဲ့သည့် ၁၀ နှစ် ကာလအတွင်း ကုန်သွယ်မှု ပမာဏ ခုနစ်ဆကျော်ခန့်  မြင့်တက်လာခဲ့ ကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့