Main menu

Background

FTZs အသစ် ခုနစ်ခုဖွင့်လှစ်၍ တရုတ်နိုင်ငံ၏ စီးပွားရေးကို အရှိန်မြှင့်ဆောင်ရွှက်မည်

Mon, 04/24/2017 - 12:37 -- journal_editor

        တရုတ်၌ လွတ်လပ်သော ကုန်သွယ်မှုဇုန် (FTZs)  အသစ်ခုနစ်ခုကို ဧပြီလ ၈ ရက်က ထပ်မံ ဖွင့်လှစ်ခဲ့ပြီး လွတ်လပ်သော စီးပွားရေးနှင့် Belt & Road Initiative ကို အရှိန်မြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါသည်။အဆိုပါ FTZs ခုနစ်ခုအနက် ဟေနန်၊ စီချွမ်၊ ရှန်ရှီး၊ ချုံချင်းနှင့် ဟူဘေပြည်နယ်တို့မှာ ကုန်းတွင်းပိုင်းတွင်ဖြစ်ပြီး လျောင်နင်းနှင့်ကျဲကျန်း ပြည်နယ်များမှာ ကမ်းရိုးတမ်းဒေသ များဖြစ် ကြောင်း သိရပါသည်။  တရုတ်၌ ပထမဆုံးတည် ထောင်ထားသည့် ရှန်ဟိုင်း FTZs ဖွင့်လှစ်ပြီး နောက်ပိုင်းလေးနှစ်အကြာတွင်  ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
     ၂၀၁၅ ခုနှစ်တွင် တီယန်ကျင်း၊ ဖူကျင်းနှင့် ကွမ်းတုံတို့၌ FTZs ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခုအသစ်ထပ်မံဖွင့်လှစ်လိုက်သည့် ခုနစ်ခုအပါအဝင် တရုတ်၌ FTZs  စုစုပေါင်း ၁၁ ခုရှိပြီဖြစ်သည်။ အသစ် FTZs ခုနစ်ခုမှာ ၁၂၀စတု ရန်းကီလိုမီတာ အသီးသီးကျယ်ဝန်းပြီး ဇုန်ခွဲသုံးခုစီထားရှိမည် ဖြစ်သည်။ ကုန်းတွင်းပိုင်းပြည်နယ်များတွင် စီးပွားရေးလမ်းဖွင့်ဆောင်ရွက်မှု တိုးမြှင့်ရန်ရည်ရွယ်၍ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ဆောင်ရွက်ခြင်း၊ ပြည်နယ်အစိုးရ အသီးသီးကို စီရင်ဆုံးဖြတ်ပိုင်ခွင့် ခွဲဝေပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ် ခြင်းတို့ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
        FTZs ခုနစ်ခုတွင် ဦးစားပေးနယ်ပယ်အသီး သီးထားရှိကြောင်း ဥပမာအားဖြင့် ရှန်ရှီးပြည်နယ်ကို Belt & Road လမ်းကြောင်းနိုင်ငံများနှင့် ကုန်သွယ်ရေး ဆက်သွယ်မှုမြှင့်တင်ခြင်း၊ ဟေနန်ပြည် နယ်ကို ကုန်စည်ပို့ဆော င်ရေးနှင့် Logistic Service အဓိကဆောင်ရွက်ခြင်း၊ ဟူဘေပြည်နယ်ကို ယန်ဇီမြစ်ဝှမ်းဒေသ စီးပွားရေးဇုန်ဖွံ့ဖြိုးမှုလွယ် ကူချောမွေ့စေရန် အဆင့်မြင့်နည်းပညာလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးဆောင်ရွက်မည် ဖြစ် သည်။ ထို့အပြင် အနောက်ပိုင်းပြည်နယ်များဖြစ်သည့် ယူနန်၊ ကွမ်ရှီးနှင့် ရှင်းကျန့်ဒေသများတွင်လည်း FTZs ဖွင့်လှစ်ရန် အလားအလာရှိ ကြောင်း သိရှိရပါသည်။
 

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ပေကျင်းမြို့