Main menu

Background

ယူနန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းအား မြှင့်တင်ဆောင်ရွက်

Wed, 04/26/2017 - 14:48 -- journal_editor

         ယူနန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း တိုးမြှင့် စေရန်အတွက် လုပ်ငန်းစဉ် ၂၂ ခုဖြင့် ဧပြီ ၁၅ ရက်မှ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်နယ်ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုဌာနက ပြောကြားလိုက်ပါသည်။ ထိုလုပ် ငန်းစဉ်များမှာ ခရီးသွားများအား အတင်းအကျပ် ဈေးဝယ်ရန် ဆွဲဆောင်ခြင်း၊ အလွန်ဈေးနှုန်းချိုသာသော ခရီးစဉ်များဖြင့် ဆွဲဆောင်ခြင်းတို့ကို တားမြစ်ခြင်း၊ အတုအယောင်ခရီးစဉ်များအား အပြစ်ပေးဆောင်ရွက်ခြင်း၊ ခရီးသွားလ မ်းညွှန်သူများအတွက် လုပ်ထုံးလုပ်နည်းများကို အွန်လိုင်းဖြင့်  သတင်းဖြန့်ဝေခြင်း၊ အကဲဖြတ်ခြင်း စသည်တို့ ပါဝင်ပါသည်။
        အဆိုပါ ဆောင်ရွက်ချက်အသစ်ကို ခရီးသွား လုပ် ငန်းဌာနနှင့်အတူ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ဈေးနှုန်း နှင့် အခွန်အခကြီးကြပ်မှု၊ ပြည်သူ့လုံခြုံရေး  စသည့် အစိုးရ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မည်ဖြစ် သ ည်။ ယူနန်ပြည်နယ်သည် ပြည်တွင်းပြည်ပ ခရီးသွားများ အဓိကလာရောက်လည်ပတ်သည့် ဒေသဖြစ်ပြီး မကြာသေးမီက ကမ္ဘာလှည့်ခရီးသည်များအား ခရီးသွား လမ်းညွှန်များက ဈေးနှုန်းအလွန်တင်၍ရောင်းချမှု၊ လိမ်လည်မှုနှ င့် အခြားတိုင်ကြားမှုများ ပေါ်ထွက်လာခဲ့ ကြောင်း၊ ထို့ကြောင့် ယခုအစီအစဉ်ကို တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယူနန်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မရှင်က ပြောကြားပါသည်။ တားမြစ်ထားသည့် လုပ်ဆောင် ချက်များအား ကျူးလွန်ပါက လုပ်ငန်းလိုင်စင် သိမ်းယူခြင်းနှင့် အခြားအပြစ်ပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယူနန်၌ ခရီးသွားလုပ်ငန်းစနစ် တကျဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်က ခရီး သွား လမ်းညွှန်လုပ်ထုံးလုပ်နည်း များ၊ ဆောင်ရန်၊ ရှောင်ရန်များ ထုတ်ပြန်ခဲ့သော်လည်း ထိရောက်မှုနည်းပါးခဲ့ကြောင်း၊ ယခုအစီအစဉ်ကို သေချာစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့