Main menu

Background

ထိုင်းနိုင်ငံရှိBDC ကုမ္ပဏီက သနပ်ခါးပေါင်ဒါ (Thanaka Powder) ထုတ်လုပ်ရောင်းချမည်

Wed, 05/03/2017 - 10:58 -- journal_editor

     ထိုင်းနိုင်ငံရှိBDC (British Dispensary Consumer Plc)  အများပိုင်ကုမ္ပဏီသည် ှညေုန ကုန်အမှတ်တံဆိပ်ဖြင့် အလှကုန် ပစ္စည်းအသစ်ဖြစ်သည့်  သနပ်ခါးပေါင်ဒါ (Thannaka  Powder)  ကို ယခုနှစ်နွေရာသီ တွင် ထုတ်လုပ်ရောင်းချမည်ဖြစ်ပါသည်။အလှကုန်အသစ်ဖြစ်သော သနပ်ခါးပေါင်ဒါ (Thannaka Powder)  ကို ထုတ်လုပ်ရန်အတွက်   ထိုင်းဘတ်သန်း ၂၀၀ ကို ရင်းနှီးမြှုပ်နှံ မည်ဖြစ်သည်။  အထူးသဖြင့်  မြန်မာလူမျိုး များသည်   မျက်နှာတွင် လိမ်းခြယ်သည့်အလှကုန်ပစ္စည်းအဖြစ်   ရှေးနှစ်ပေါင်းများစွာက တည်းက သုံးစွဲလာခဲ့ကြသည့် သဘာဝသနပ်ခါးခေါက်ကို   အဓိက  ကုန်ကြမ်းအဖြစ်အသုံးပြု၍ ထုတ်လုပ်မည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံရှိ   ပေါင်ဒါမှုန့်ဈေးကွက်တန်ဖိုးသည်   စုစုပေါင်း ထိုင်းဘတ် နှစ်ဘီလီယံရှိပြီး ကုမ္ပဏီအနေဖြင့် ပြည်တွင်းဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်းရရှိထားရာမှ ၃၀ရာခိုင်နှုန်းသို့    တိုးတက်ရရှိရန်နှင့် သနပ်ခါးပေါင်ဒါကို ထုတ်လုပ်ရောင်းချခြင်းဖြင့်   ယခုနှစ်အတွင်း ကုမ္ပဏီ၏ စုစုပေါင်း အရောင်းတန်ဖိုး ဘတ်သန်း ၁၀၀ တိုးတက်ရရှိ ရန် မျှော်မှန်းထားပါသည်။အသစ်ထုတ်လုပ်မည့်သနပ်ခါးပေါင်ဒါကို လူအများသိရှိရန် အတွက် သမားရိုးကျကြော်ငြာနည်းလမ်းများကို အသုံးပြုသည့်အပြင် အွန်လိုင်းဆိုရှယ်မီဒီယာ(Social Media)   များဖြစ်သောYou Tube, Instagram  များ၌'' to invite people to Tah Na Ka " (a play on " Thanaka ")  အစီအစဉ်ဖြင့် ထည့်သွင်းကြော်ငြာ မည်ဖြစ်ပါ သည်။ထိုင်းနိုင်ငံ၏ ပေါင်ဒါမှုန့်အလှကုန်ဈေးကွက်သည် နှစ်စဉ် တိုးတက်မှုနှုန်း နှစ်ရာခိုင်နှုန်းမှ   လေးရာခိုင်နှုန်းသာရှိသော်လည်း ကုမ္ပဏီ၏  နှစ်စဉ်တိုးတက်မှုသည် ၁၀  
ရာခိုင်နှုန်းကျော်ရှိကြောင်း တွေ့ရှိ ရပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့